သရက်ပေါက်ကွဲမှုအပြီး လူ ၃၀ နီးပါး ဖမ်းဆီးစစ်ဆေး

သရက်ပေါက်ကွဲမှုအပြီး လူ ၃၀ နီးပါး ဖမ်းဆီးစစ်ဆေး

သရက်မြို့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သံသယဖြင့် လူ ၂၈ ဦးထက်မနည်းကို စစ်ကောင်စီတပ်များက ဖမ်းဆီးစစ်ကြောနေသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က စည်ပင်အမှု့ဆောင်အရာရှိနေအိမ်ရှေ့နှင့် ကလေးအထူးကုဆရာဝန် ဒေါက်တာဝတ်ရည်ခိုင်ငြိမ်းအေး ၏ အိမ်ရှေ့တို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခု အဖမ်းခံရတဲ့သူအများစုသည် တောင်မင်းတဲရပ်ကွက် ဒေါက်တာဝတ်ရည်ခိုင်ငြိမ်းအေး၏ ရပ်ကွက်မှဖြစ်ကြောင်း သိရသည်။

ဆရာဝန်မ၏ အဖေ ဦးထွန်းထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်နွဲ့နွဲသိန်းတို့သည် စစ်ကောင်စီတပ်ဖွဲ့များနှင့် နီးစပ်ပတ်သက်သူများဖြစ်ပြီး ၎င်းတို့နှင့် မတည့်သူများကို စွပ်စွဲတိုင်ကြားသဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

”အခုက သူတို့နဲ့ မတည့်တဲ့သူတွေကို အဓိကတိုင်လို့ လိုက်ဆွဲနေတာ” ဟု ၎င်းကပြောသည်။

ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူမှုကွန်ယက်တွင် သရော်ခဲ့သူအပါအဝင် ဖမ်းဆီးခံရသူများမှာ ကိုသီဟ (လက်သမား)၊ ကိုမျိုးသန့်၊ အငယ်ကောင် (Morich ယာဉ်လိုင်းစပယ်ယာ)၊ အမျိုးသမီးတစ်ဦး၊ ကိုဝဏ္ဏဆိုသူအပါအဝင် ၎င်းတို့သားအဖနှစ်ဦး၊ စုစုပေါင်း ၂၈ ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု စုံစမ်းသိရသည်။

ယခုလက်ရှိတွင် ဖမ်းဆီးခံရသူ ၂၈ ဦးထဲမှ ၁၁ ဦးခန့် ပြန်လွတ်ပေးသည်ဟု ကြားသိရသော်လည်း ပြန်လွတ်လာသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍မရသေးကြောင်း ဖမ်းဆီးခံထားရသူများထဲမှ တစ်ယောက်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

”အခုတော့ ၁၁ ယောက် ပြန်လွှတ်တယ်ကြားတယ်။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်ကဘာမှန်း အတည်မပြုနိုင်ဘူး။ မထင်ရင်မထင်သလို လုပ်တတ်တော့ မေးမြန်းဖို့ခက်တယ်”

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့က မြောက်မင်းတဲရပ်ကွက် လမ်းမတော်လမ်းရှိ စည်ပင်အမှုဆောင်အရာရှိ၏ အိမ်ရှေ့နှင့် တောင်မင်းတဲရပ်ကွက် သိမ်ကြီးလမ်းနှင့် အောင်မင်္ဂလာလမ်းဒေါင့်ရှိ ကလေးအထူးကုဆရာဝန်မတစ်ဦး၏ အိမ်ရှေ့တို့တွင် ဇွန် ၁၇ ရက်နေ့ နံနက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သရက်မြို့သည် မကွေးတိုင်းအတွင်းက ခရိုင်မြို့တစ်မြို့ဖြစ်ပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်း အောင်လံမြို့၏ တစ်ဘက်ကမ်း ဧရာအနောက်ဘက်ခြမ်းက သင်္ဘောဆိပ်မြို့တစ်မြို့ဖြစ်ပြီး ကိုလိုနီခေတ်က သမိုင်းဝင်အမွေအနှစ်များစွာရှိသည့် ထင်ရှားသည့် မြို့တစ်မြို့ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...