ကျောက်တော်တွင် မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

ကျောက်တော်တွင် မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ငှက်ပျောချောင်းကျေးတွင် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားကြောင်း သိရသည်။

မိုင်းနင်းမိပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားသည့် အမျိုးသမီးမှာ ငှက်ပျောချောင်းကျေးရွာမှ အသက် (၄၉) နှစ်အရွယ် ဒေါ်အေးမြဖြစ်သည်။

သူမသည် နောက်ထပ် အမျိုးသမီး ၄ ဦးနှင့်အတူ ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၁၁ နာရီအချိန်ခန့်က ရွာအနီးရှိ ကျောက်ပန်းတောင်သို့

မျှစ်ချိုးသွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် သူမ၏ဘယ်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ခြေကျင်းဝတ်အောက် ပြတ်ထွက်သွားသည့် ဒဏ်ရာနှင့် ဘယ်ဘက်လက်မောင်း အနည်းငယ် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သူမ၏ဆွေမျိုး ဦးထူးအောင်မြင့်က “မျှစ်ချိုးဖို့သွားတုန်းက (၅) ယောက်၊ မိုင်းနင်းမိတဲ့အခါ သူ့ဘေးမှာ နောက်တစ်ယောက်ပါသေးတယ်။ ဒါပေမဲ့ အဲဒီတစ်ယောက်ကို မိုင်းမထိဘူး။ သူတစ်ယောက်တည်း ထိသွားတာ။ သူ့ရဲ့ ဒဏ်ရာအခြေအနေကတော့ ခြေထောက်ဖြတ်ရမယ်လို့ကြားပါတယ်” ဟု ပြောသည်။

ထိုအမျိုးသမီးမှာ လက်ရှိတွင် စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ဘယ်ခြေထောက်အား ဖြတ်ရမည်ဖြစ်ကာ ဆေးကုသရန်ငွေကြေးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ထိုမိုင်းထိဒဏ်ရာရ အမျိုးသမီးတွင် အသက် (၁၉) နှစ်အရွယ် တက္ကသိုလ်ကျောင်းတက်နေသည့် သမီးတစ်ဦးရှိပြီး သမီးဖြစ်သူအား တက္ကသိုလ်ကျောင်းတက်နိုင်ရန်အတွက် ကျေးရွာအနီးရှိ တောတောင်ကိုအမှီပြု၍ ပင်ပန်းဆင်းရဲကြီးစွာ ရုန်းကန်လှုပ်ရှားနေသူဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ငှက်ပျောချောင်းကျေးရွာကနေ (၁) နာရီဝက်ခန့်သွားရသည့် ကျောက်ပန်းတောင်အနီးတစ်ဝိုက်တွင် အရင်ကလည်း မိုင်းပေါက်ကွဲမှု (၂) ကြိမ်ရှိခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်က ပေါက်ကွဲမှုတစ်ကြိမ်တွင် အမျိုးသား (၂) ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...