သရက်တွင် ပေါက်ကွဲမှုနှစ်ခုဖြစ်

သရက်တွင် ပေါက်ကွဲမှုနှစ်ခုဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့ရှိ နေရာနှစ်ခုတွင် ဇွန်လ ၁၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သရက်မြို့၊ တောင်မင်းတဲရပ်ကွက်နှင့် မြောက်မင်းတဲရပ်ကွက်ရှိ နေရာနှစ်ခု၌ ယနေ့ နံနက်ပိုင်း ၃ နာရီဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

”မနက်အစောပိုင်းကြီးဟုတ်တယ် လူအထိအခိုက်တော့မကြားမိဘူး ကားဖင်ခြမ်းမီးလောင်သွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

မြောက်မင်းတဲရပ်ကွက် လမ်းမတော်လမ်းရှိ စည်ပင်အမှုဆောင်အရာရှိ၏ အိမ်ရှေ့နှင့်တောင်မင်းတဲရပ်ကွက် သိမ်ကြီးလမ်းနှင့် အောင်မင်္ဂလာလမ်းဒေါင့်ရှိ ကလေးအထူးကုဆရာဝန်မ၏ နေအိမ်ရှေ့တို့တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက အတည်ပြုပြောသည်။

 

သရက်မြို့သည် ဧရာဝတီမြစ် အနောက်ဘက်ကမ်းတွင်ရှိပြီး ယခင်က ကလေးထောင်ဟုလူသိများသည့် သရက်ဘော်စတယ်နှင့် ကိုနီခေတ် လက်ကျန်အမွေအနှစ်များစွာရှိပြီး စစ်တပ်ကြီးစိုးရာဒေသလည်းဖြစ်သည်။

ကိုလိုနီခေတ်ကတည်းကရှိသည့် နှစ်ပေါင်း ၂၀၀ ကျော်ရှိသည့် ဂေါက်ကွင်းကိုလည်း စစ်တပ်ပိုင်အဖြစ် သိမ်းထားခဲ့ပြီး ပြုပြင်ထိမ်းသိမ်းမှုများ မရှိသဖြင့် ပြည်သူအများက စစ်တပ်နှင့်စည်ပင်ကို မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်ဟု မြို့ခံတစ်ဦးပြောသည်။

”ပြည်သူလူထု မထိခိုက်ရင် ဗုံးပေါက်တာ ပျော်ရမလိုဖြစ်နေတာ။ မကျေနပ်တာတော့ ဘယ်သူမှမကျေနပ်ကြဘူး။ သူတို့ထိတ်လန့်ရင်ကို တန်နေတယ်။ စည်ပင်ကလည်း လူမုန်းများတဲ့အထဲပါတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ၁၈ရက်နေ့ကလည်း သရက်မြို့ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ  ၃ ဦး ဖမ်းဆီးခံရသည့်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ - (ဗုံးထိမှန်ခဲ့သည့် ဆလွန်းကားအားတွေ့ရစဉ်)

 
 

 

 

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...