ဖမ်းဆီးခံ တက္ကသိုလ်ကျောင်းသား/သူ ၈ ဦးကို ဒုတိယအကြိမ်ရုံးထုတ်

ဖမ်းဆီးခံ တက္ကသိုလ်ကျောင်းသား/သူ ၈ ဦးကို ဒုတိယအကြိမ်ရုံးထုတ်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံထားရသည့် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသား/သူ ၈ ဦးကို ဇွန်လ ၁၁ ရက်နေ့က ကျိုက်မရောမြို့နယ် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

မိန်းခလေး ၂ ဦးပါဝင်သည့် အဆိုပါ ကျောင်းသား/သူများအား ၎င်းတို့နေထိုင်သည့် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ မေလ ၁၇ ရက်နေ့ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့အင်အား ၁၀၀ ခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကျိုက်မရောအကျဥ်းထောင်သို့ ပို့ဆောင်၍ ထိန်းသိမ်းထားသည်။

ယင်းသို့ ဝင်ရောက်ဖမ်းဆီးခံရချိန်တွင် ၎င်းတို့ပိုင်ဆိုင်သည့် ဖုန်း၊ ကွန်ပျူတာ၊ ဆိုင်ကယ်၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် လက်ဝတ်လက်စားအချို့ကိုပါ သိမ်းယူသွားကြောင်း မိသားစုဝင်များ ပြောပြချက်ကိုကိုးကား၍ သတင်းဌာနအချို့က ဖော်ပြခဲ့သည်။

အလားတူ မုဒုံမြို့ မော်သံလမ်းနေ စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ ကိုခိုင်မင်းထွန်း (ခ) ဖိုးခိုင်ကို ဇွန် ၁၁ ရက် ည ၁၁ နာရီအချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

ထို့အပြင် တက်ကြွလှုပ်ရှားသူ အခြားလူငယ် ၄ ဦး၏ နေအိမ်နှင့် မိဘဆွေမျိုးများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပေ။

 
 

 

 

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...