အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံကိုယ်စားလှယ်များ မြန်မာနိုင်ငံကိုရောက်ရှိ

အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံကိုယ်စားလှယ်များ မြန်မာနိုင်ငံကိုရောက်ရှိ

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ ကိုယ်စားလှယ်များသည် ဇွန်လ ၃ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး၀န်ကြီး အဲ၀မ်ပီဟင်ယူဆော့ဖ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့သည် ဇွန်လ ၃ ရက် ညနေစောင်းတွင် နေပြည်တော်ကို ရောက်ရှိလာခဲ့ကြောင်း အမည်မဖော်လိုသူ မြန်မာအရာရှိကြီးတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

အဆိုပါ အာဆီယံအဖွဲ့ ကိုယ်စားလှယ်နှစ်ဦးသည် ဇွန်လ ၄ ရက် မနက်ပိုင်းတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အထက်ပါအရာရှိကြီးက ပြောသည်။

အဆိုပါတွေ့ဆုံမှု အစည်းအဝေးများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က ဂျာနယ်လစ်များကို ပြောသည်။

အာဆီယံသည် မြန်မာ့အကျပ်အတည်းကို ပြေလည်အောင်ဖြေရှင်းနိုင်ရန် သံတမန်ရေးအားထုတ်မှုများကို ဦးဆောင်လုပ်ကိုင်နေသော်လည်း အဆိုပါ ဒေသတွင်းအုပ်စုသည် ယင်း၏ သံတမန်ရေး သြဇာသက်ရောက်မှုပိုင်းနှင့်ပတ်သက်ပြီး လူသိများ ကျော်ကြားထားခြင်းတော့ မရှိပေ။

ထို့ပြင် ယင်းအုပ်စုအနေဖြင့် မြန်မာနိုင်ငံရှိ ဖြစ်စဥ်များအပေါ် မည်မျှအထိ ထိရောက်စွာ သြဇာလွှမ်းမိုးနိုင်မည်လဲဆိုသည်ကိုလည်း လေ့လာစောင့်ကြည်သူများက မေးခွန်းထုတ်ထားကြသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူဒဏ်ခတ်မှုများကို တိုးမြှင့်လုပ်ဆောင်ထားခဲ့သော်ငြား အာဆီယံသည် စည်းလုံးညီညွတ်သော ဟန်ပန်တစ်ခုကို ပုံဖော်နိုင်ရန် ရုန်းကန်ထားခဲ့ရသည်။

August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...
August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...