၂၀၂၁ ခုနှစ် Judith Lee Stronach Award ဆု WLB ရရှိ

၂၀၂၁ ခုနှစ် Judith Lee Stronach Award ဆု WLB ရရှိ

မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးအရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွင် အမျိုးသမီးများပါဝင်မှု မြှင့်တင်ရန် ဆောင်ရွက်ပေးသည့် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ - Women’s League Burma (WLB) အဖွဲ့ကို ၂၀၂၁ Judith Stronach Award ဆု ပေးအပ်ခြင်းခံရသည်ဟု သိရသည်။

အဆိုပါဆုကို The Center for Justice and Accountability အဖွဲ့အစည်းမှ ပေးအပ်ခြင်းဖြစ်ပြီး ၎င်းအဖွဲ့မှ ယခုနှစ်တွင်ပေးသည့် ဆု (၄) ဆုအထဲတွင် လူ့အခွင့်အရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအရေးအတွက် ဆောင်ရွက်သောကြောင့် WLB အဖွဲ့မှ (Judith Lee Stronach Award) ဆုကို ရရှိလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

“ကျမတို့ WLB ရဲ့ နှစ်၂၀ ကျော်ကြာ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ၊ ကျမတို့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို ကျမတို့ လူထုတွေက အသိအမှတ်ပြုပေးတာမကဘဲ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေကလည်း ကျမတို့ ပေးဆပ်တာတွေကို အသိအမှတ်ပြုလာတာတွေ့ရတာပေါ့။ အဲဒီအတွက် ကျမတို့ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာနဲ့ အများအသိမှတ်ပြုလာအောင် ပူးပေါင်းလုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေကိုလည်း ကျေးဇူးတင်ရမှာဖြစ်တယ်” ဟု WLB အဖွဲ့ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ကေအိုင်စီသို့ပြောသည်။

WLB အဖွဲ့သည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်း၍ တရာမျှတသည့် လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးများ အဆင့်အတန်းမြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စသည့်လုပ်ငန်းများကို အဓိကထားလုပ်ဆောင်သည့် အဖွဲ့ဖြစ်ပြီး WLB အဖွဲ့ထဲတွင် လူမျိုးဘာသာမရွေး တိုင်းရင်းသားဒေသအသီးသီးမှ အမျိုးသမီးအဖွဲ့ပေါင်း ၁၃ ဖွဲ့ ပူးပေါင်းပါဝင်သည်ဟု သိရသည်။

WLB အဖွဲ့ကို တိုင်းရင်းသားဒေသရှိ အမျိုးသမီးများစုပေါင်း၍ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ၂၀၁၅ ခုနှစ်မှစတင်၍ ၂၀၂၁ ခုနှစ်အထိ နိုင်ငံတကာမှ အသိမှတ်ပြု ချီးမြှင့်ခံရသည့် ဆု (၆) ခု ရရှိနေပြီဖြစ်သည်ဟု သိရသည်။

Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...