ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ပလက်ဝမြို့ကို အဝင်/အထွက်ကန့်သတ်ထား

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ပလက်ဝမြို့ကို အဝင်/အထွက်ကန့်သတ်ထား

ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ကျောက်တော်မြို့တို့ကို ဆက်သွယ်သွားလာနေသည့် ကုလားတန်မြစ် အထက်ပိုင်းရေလမ်းကြောင်း၊ ဆမီး၊ မတူပီသွားလာရသည့် ကုန်းလမ်းကြောင်းတို့ကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က အသွားအလာ ကန့်သတ်လိုက်ထားသည်ဟု ဒေသခံများကပြောသည်။

ပလက်ဝမြို့တွင် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က အသံဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့အဝင်/အထွက် သွားလာခွင့်ကို ကန့်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

မြို့အဝင်/အထွက် ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ပလက်ဝမြို့ခံ ဦးမောင်မောင်က DMG ကို ယခုလိုပြောသည်။

“သူတို့ဆီက စာထုတ်ပြန်တာတော့မရှိဘူး။ ဒါပေမဲ့ မသွားသင့်ဘူးလို့ ဌာနဆိုင်ရာတွေကပြောကြတယ်။ မိုင်းပေါက်ကွဲတာနဲ့ပတ်သတ်လို့ အဖြေထွက်မှ  မြို့အတွင်းကို သွားလာခွင့်ပြုမယ်လို့တော့ ပြောကြတယ်။ လောလောဆယ်တော့ အဲဒီကိစ္စနဲ့ပတ်သတ်လို့ စစ်ဆေးနေကြတယ်။ မြို့အတွင်းမှာတော့ ကုန်းစျေးနှုန်း ၁ ရာခိုင်နှုန်းလောက်တက်နေပြီ။ ဒီထက်ပိုပြီး စျေးမတက်လာဖို့အတွက်တော့ အမြန်ဆုံးလမ်းဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆိုသည်။

ပလက်ဝမြို့ ကုလားတန်မြစ်အထက်ပိုင်း ရေလမ်းကြောင်းအား အသွား/အလာ ကန့်သတ်ထားသည့်အတွက် ဝန်ထမ်းများအနေဖြင့် လစာထုတ်ရန်သွားလာရသည့်အပိုင်းတွင်လည်း အခက်အခဲဖြစ်နေကြောင်း တိုင်ရွန်အိုင်ကျေးရွာမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးမောင်လုံးကပြောသည်။

“ဒီတစ်ရက်နှစ်ရက်အတောအတွင်း အသွား/အလာ ကန့်သတ်လိုက်တာပါ။ ဘာကြောင့်လည်းတော့ ကျနော်တို့အနေနဲ့လည်း မသိသေးဘူး။ ကျနော်တို့ဖက်က ဝန်ထမ်းတွေဆိုရင် လစာထုတ်ဖို့တောင် မသွားရသေးဘူး” ဟုဆိုသည်။

ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကာလအတွင်းမှစ၍ လက်ရှိအချိန်ထိ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်း သွားလာမည်ဆိုပါက ခရီးသွားထောက်ခံချက် ထုတ်ပေးရပြီး သွားလာခွင့်ပြု၊ မပြုကို လုံခြုံရေးဂိတ်များနှင့်သာ သက်ဆိုင်ကြောင်း ပလက်ဝ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခမ်းရှင်းကိပ်က ပြောသည်။

“ဒီလမ်း သွားလာခွင့်နဲ့ပတ်သတ်ပြီးတော့ ကျနော်တို့ရုံးနဲ့ ဘာမှမဆိုင်ဘူး။ ကျနော်တို့က ခရီးသွားမယ်ဆိုရင် ခရီးသွားထောက်ခံချက် ထုတ်ပေးလိုက်တယ်။ လမ်းမှာ တပ်က ခွင့်ပြု/မပြုကိုတော့ ကျနော်တို့လည်းမသိဘူး။  အခုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း ကျနော်တို့အနေနဲ့ ဘာမှမသိရသေးဘူး” ဟုဆိုသည်။

ပလက်ဝမြို့တွင် အသံဗုံးဟုယူဆရသော ဗုံးပေါက်ကွဲမှု ၂ နေရာဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့ပေါ်မှ လူငယ် ၁၀ ဦးထက်မနည်းကို မြန်မာစစ်တပ်မှ ခေါ်ယူစစ်ဆေးမှုများရှိကြောင်း ဒေသခံများကပြောဆိုကြသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...