ကျီခါးမြို့တွင် ကိုဗစ်ကိုးကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦး ကုသမှုခံယူနေဆဲ

ကျီခါးမြို့တွင် ကိုဗစ်ကိုးကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦး ကုသမှုခံယူနေဆဲ

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကစပြီး ယနေ့အချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးမှာ ကျီခါးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဟု ယင်းဆေးရုံမှ အထက်တန်းသူနာပြုဆရာမက ပြောသည်။

“၁၁ ရက်နေ့ကနေစပြီးတော့မှ ဒီနေ့အထိဆိုရင် ၂၅ ယောက်ရှိတယ်၊ ကျမတို့ သံသယရှိပြီးတော့ OPD (ပြင်ပလူနာဌာန) လာပြတဲ့သူတွေထဲက စစ်ပြီးတွေ့တာ၊ အခုဆေးကုသမှုခံယူနေတာက ဆေးရုံမှာရှိတာ ၇ ဦးပဲရှိတယ်၊ ကျန်တဲ့သူတွေက ပြန်ကောင်းသွားပြီ” ဟု အထက်တန်းသူနာပြု ဆရာမကပြောသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့လူနာများသည် Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်အထက်များနှင့် သွေးတိုးရောဂါ၊ ဆီးချိုးေရာဂါနှင့် အခြားရောဂါအခံရှိသူများတွင် ရောဂါလက္ခာများ ပိုမိုပြင်းထန်းစွာခံစားကြရကြောင်းလည်း သိရသည်။

ကျီခါးတိုက်နယ်ဆေးရုံတွင် ယခုလက်ရှိ ဆရာဝန်တစ်ယောက်မှမရှိဘဲ ကျန်းမာရေးဝန်ထမ်း ၃ ဦးခန့်သာရှိပြီး ၎င်းတို့က ကိုဗစ်ပိုးတွေ့လူနာများအား ကြပ်မတ်ကုသပေးလျှက်ရှိသည်ဟု သိရသည်။

“ကုသရေးပိုင်းက ဆရာဝန်မရှိတော့ ကျမကပဲ အသိဆရာဝန်တွေ၊ သမားတော်တွေဆက်သွယ်ပြီး သူတို့အကြံညဏ်ယူပြီးတော့ ကုပေးရတယ်၊ လူနာတွေအတွက်ကျတော့ ဒီဇယ်၊ ဓာတ်ဆီ၊ မီးစက်က သူတို့ဟာသူတို့ စီစဉ်နေရတယ်၊ အောက်ဆီဂျင်ကလည်း ကျမတို့မှာရှိတဲ့ ၆ လုံးနဲ့လည်ပတ်နေရတယ်၊ ကျမတို့ ၂၄ နာရီ လုပ်ပေးချင်ပေမယ့် အောက်ဆီဂျင်စက်ကလည်း မနိုင်ဘူး၊ မီးစက်ကလည်းမနိုင်တော့ အနည်းဆုံး တစ်နာရီ ၂ နာရီကတော့ နားရတာပေါ့" ဟု ကျီခါးတိုက်နယ်ဆေးရုံက ဆရာမကပြောသည်။

ယခုလက်ရှိတွင် ပိုးတွေ့လူနာ ၆ ဦးကို အောက်ဆီဂျင်ပေးနေရသည်ဟု သိရသည်။

ကိုဗစ်ပိုးတွေ့လူနာများကို မြန်ဆန်စွာစစ်ဆေးပြီး ကုသမှုလုပ်နိုင်ရန်အတွက် အထက်ကိုတင်ပြထားပြီး နေပြည်တော်မှ ကိုဗစ် Tesk Kit အခု ၅၀ဝ၊ ဆေးဝါးပစ္စည်းများကိုလည်း ပို့ဆောင်လာမည်ဟု သိရသည်။

ကျီးခါးမြို့သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့် မြို့ဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရခြင်းမှာ တဖက် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်နှင့် ဝင်ထွက်သွားလာမှုရှိရာကတဆင့် ပျံ့နှံ့လာခြင်းဖြစ်နိုင်ကြောင်း ယုံကြည်နေကြသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...