မြန်မာစစ်တပ်ထံ ငွေသားပေးချေမှု တိုတယ်နှင့် ချက်ဗရွန်ကုမ္ပဏီတို့ ဆိုင်းငံ့

မြန်မာစစ်တပ်ထံ ငွေသားပေးချေမှု တိုတယ်နှင့် ချက်ဗရွန်ကုမ္ပဏီတို့ ဆိုင်းငံ့
ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

မုတ္တမ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချရေးကုမ္ပဏီ အစည်းအဝေးတွင် ချက်ဗရွန်ရှယ်ယာရှင်များနှင့် ပူးတွဲအဆိုပြုချက်အပြီး၌ မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငွေသားပေးချေမှုအားလုံးကို ဆိုင်းငံ့ထားရန် မဲခွဲဆုံးဖြတ်ခဲ့ကြကြောင်း တိုတယ်ကုမ္ပဏီက သတင်းထုတ်ပြန်လိုက်သည်။

တိုတယ်သည် အကြီးဆုံးရှယ်ယာရှင်ဖြစ်ကာ ၃၁.၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

တိုတယ်၏ နောက်၌ ချက်ဗရွန်က ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး ကျန်ရှိသောရှယ်ယာများကို ထိုင်းကုမ္ပဏီ PTTEP နှင့် မြန်မာပိုင် MOGE တို့က ပိုင်ဆိုင်ထားသည်။

“မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား တိုတယ်ကုမ္ပဏီက ရှုတ်ချကြောင်း၊ EU သို့မဟုတ် U.S. အာဏာပိုင်များကထုတ်ပြန်သည့် သက်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် နိုင်ငံတကာနှင့် မိခင်နိုင်ငံအာဏာပိုင်များက ချမှတ်သည့် မည်သည့်ဆုံးဖြတ်ချက်မျိုးကိုမဆို လိုက်နာမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုသည်” ဟု တိုတယ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချက်ဗရွန်၏ ထုတ်ပြန်ချက်၌လည်း “မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် မြန်မာလူထု၏ အကျိုးစီးပွားဖြစ်ထွန်းစေမည့် တညီတညွတ်တည်းတုံ့ပြန်မှုတစ်ရပ် လိုအပ်လျက်ရှိသည်” ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်နေကြသည့် နိုင်ငံတကာကုမ္ပဏီများသည် ၎င်းတို့၏လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန်နှင့် မြန်မာစစ်တပ်သို့ ငွေပေးချေမှုများ မပြုလုပ်ရန် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် စင်ပြိုင်အရပ်သားအစိုးရ NUG တို့၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်နေရသည်။

ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...
PYA / ယခုနှစ်အတွင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး၏ လူမှုကူညီရေး ဆောင်ရွက်နေမှု။
September 1, 2026
ရခိုင်ပြည်အတွင်း လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်သတင်းအချက်အလက် ရရှိမှု...
August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...