လေပြင်းမုန်တိုင်းကြောင့် စစ်ဘေးရှောင်တဲအိမ်များပျက်စီးပြီး လူဦးရေ ၁၀၀၀ ခန့် နေထိုင်ရန်ခက်ခဲနေ

လေပြင်းမုန်တိုင်းကြောင့် စစ်ဘေးရှောင်တဲအိမ်များပျက်စီးပြီး လူဦးရေ ၁၀၀၀ ခန့် နေထိုင်ရန်ခက်ခဲနေ
မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ လေပြင်းဒဏ်ခံခဲ့ရသည့် နေအိမ်တစ်လုံး။
မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ လေပြင်းဒဏ်ခံခဲ့ရသည့် နေအိမ်တစ်လုံး။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် YYAS ကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် တဲအိမ်အများအပြား ပျက်စီးသွားခဲ့ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

တဲအိမ် ၇၈၀ လုံးရှိသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် ပြင်းထန်သည့် လေပြင်းမုန်တိုင်းကြောင့် တဲအိမ် ၁၇၁ လုံး ပျက်စီးသွားသည်ဟု မြတန်ဆောင်းဆရာတော်မှ DMG ကို မိန့်ကြားသည်။

“အဲဒီအိမ်တွေက ဆောက်လုပ်ထားတာတွေလည်း ကြာပြီဆိုတော့ ပြန်လုပ်ရမဲ့အခြေနေရှိနေပြီ။ ဒါပေမဲ့ ငွေကြေးအခက်အခဲတွေကြောင့် မဆောက်လုပ်နိုင်ခဲ့ဘူး။ အခု လေပြင်းတိုက်လာတော့ အိမ်ခေါင်မိုးပွင့်သွားတဲ့ အိမ်၊ ကျိုးကျသွားတဲ့အိမ်၊ အမိုးအကာတွေ ပျက်သွားတာ အကုန်လုံး ၁၇၁ လုံးပါသွားတယ်။ မုန်တိုင်းက မပြီးသေးဘူးဆိုတော့ ကျန်တဲ့နေအိမ်တွေအတွက်လည်း အလွန်စိုးရိမ်ရတဲ့အခြေနေမှာ ရှိပါတယ်” ဟုဆိုသည်။

ပြိုပျက်သွားသည့် တဲအိမ် ၁၇၁ လုံးမှ လူဦးရေ ၇၈၀ မှာ နီးစပ်ရာတဲအိမ်များတွင် အသီးသီးနေထိုင်ကြပြီး ၎င်းတို့ကို ပြန်လည်ဆောက်လုပ်ရန်အတွက် ငွေကြေးအကူအညီလိုအပ်ကြောင်း ဆရာတော်ကမိန့်သည်။  

ယင်းတဲအိမ်များမှာ ခိုင်မာသည့်သစ်ဝါးများဖြင့် ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ ကွမ်းသီးတိုင်၊ ဝါးတိုင်များဖြင့် ယာယီအဖြစ် ဆောက်လုပ်ထားခြင်းမှာ ၃ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ဦးစိုးသိန်းက DMG ကိုပြောသည်။

“ကျနော်တို့မှာ နေအိမ်တိုင်တွေကျိုးသွားတယ်။ အခုလောလောဆည်တော့ သူများအိမ်မှာကပ်နေရတယ်။ မိုးလည်း အခုချိန်ထိ ရွာနေတုန်းပါ။ မိသားစုတစ်စုတောင် နေလို့မရတဲ့နေအိမ်မှာ တခြားသူတွေပါ နေနေရတယ်ဆိုတော့ ပိုပြီးတော့ ကြပ်တည်းသွားတာပေါ့နော်။ မုန်တိုင်းက မပြီးသေးတော့ ထပ်ပြီးတော့ ပျက်စီးလာမယ်ဆိုတာ သေချာပါတယ်” ဟု ဆိုသည်။

၎င်းပြင် ယမန်နေ့မှဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအချိန်ကြောင့် မြတန်ဆောင်းစစ်ဘေးရှောင်စခန်းမှ တဲအိမ် ၁၃ လုံးနှင့် ကမ်းထောင်ကြီးစစ်ဘေးရှောင်စခန်းမှ တဲအိမ် ၆ လုံးပျက်စီးသွားကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးရှောင်များအနေဖြင့် ၎င်းနေအိမ်များကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနအနေဖြင့် ငွေကြေးအကူညီများ ထောက်ပံ့ပေးရန် လိုအပ်နေသည်။

အားကောင်းလွန်းသော ဆိုင်ကလုန်းမုန်တိုင်း ယာစ် (YYAS) ၏အချိန်ကြောင့် ယနေ့ နံနက်မှ နောက် (၄၈) နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု ယနေ့နံနက် ၁၀ နာရီအချိန်က မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...