KNU ဝင်းရေးမြို့နယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်တစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ထိခိုက်ဒဏ်ရာရ

KNU ဝင်းရေးမြို့နယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်တစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ထိခိုက်ဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (မွန်ပြည်နယ်ရေးမြို့နယ်) တောင်နောက်ခြမ်းဒေသ ကျောင်းရွာအုပ်ချုပ်ရေးမှူးရုံးတွင် မေလ ၁၉ ရက်နေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်တစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတို့ ထိခိုက်ဒဏ်ရာရသွားကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

“ည ၈ နာရီအချိန်မှာ အုပ်ချုပ်ရေးမှူးရုံးရှေ့ ဆိုင်းဘုတ်နားမှာ ဗုံးပေါက်ကွဲတယ်။ အုပ်ချုပ်ရေးမှူးက ဘယ်ဖက်လက်နဲ့ နို့အုံနားမှာထိတယ်။ ပြည်သူ့စစ်က ခြေတောက်ထိတယ်။ မုန့်ရောင်းတဲ့အဖွားကြီးတစ်ဦးနဲ့ ၃ နှစ်အရွယ်ကလေးငယ်ကတော့ အခြေအနေစိုးရိမ်ရလို့ မော်လမြိုင်ဆေးရုံမှာ ပို့ထားတယ်” ဟု အမည်မဖော်လိုသူ ကျောင်းရွာတာဝန်ရှိသူတစ်ဦးက ယနေ့ (မေ ၂ဝ ရက်) တွင် ကေအိုင်စီသို့ပြောသည်။

ကျောင်းရွာအုပ်ချုပ်ရေးမှူး ဦးရွှေဇင် (ခ) ငတူးသည် ပြီးခဲ့သည့် ၂ လက စစ်ကောင်စီမှ ခန့်အပ်ထားသူဖြစ်ပြီး ၎င်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့က လုံခြုံရေးကိစ္စဆောင်ရွက်ရန် အုပ်ချုပ်မှူးရုံးတွင် ညှိနှိုင်းတိုင်ပင်မှုပြုလုပ်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ဝင်းရေးမြို့နယ် တောင်နောက်ခြမ်းဒေသတွင် စစ်ကောင်စီအား အလိုမရှိသည့်အတွက် ဆန္ဒထုတ်ဖော်မှု နေ့စဉ်ပြုလုပ်လျက်ရှိပြီး ယခုဗုံးပေါက်ကွဲဖြစ်စဉ်အပေါ် မတရားဖမ်းဆီးခံရမည်ကို စိုးရိမ်နေရသည်ဟု ရွာသားများက ပြောသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...