တနိုင်းမှ NLD ကိုယ်စားလှယ်တစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်

တနိုင်းမှ NLD ကိုယ်စားလှယ်တစ်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို စစ်ကောင်စီတပ်များက ၎င်း၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးခံရသူမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးဖြစ်ပြီး မေလ ၂၀ ရက်နေ့ (ယနေ့) နေ့လည် ၁၂ နာရီအချိန်ခန့် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“အိမ်မှာနေနေတာကို ဖမ်းသွားတာပါ။ ရဲတွေလည်းပါတယ်။ စစ်သားတွေလည်းပါတယ်။ စစ်ကားက နှစ်စီး၊ ရဲကားက တစ်စီးနဲ့ လာဖမ်းသွားတာလို့ပြောတယ်။ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က ဒီစစ်သားတွေ၊ ရဲတွေက အိမ်အထိလာပြီး ဖမ်းသွားတာပါ။ ဘာလို့ ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်းမြို့နယ်ထဲက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ တနိုင်းမြို့နယ် NLD ဥက္ကဋ္ဌတို့ကိုလည်း ဖမ်းဆီးထားသည်မှာ လနှင့်ချီရှိပြီဖြစ်သည်။

“တနိုင်းက ဒီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ တနိုင်းမြို့နယ် NLD ဥက္ကဌကိုလည်း ဖမ်းတယ်။ သူတို့ကို လနဲ့ချီပြီးဖမ်းထားတာဟုတ်တယ်။ သူတို့ကိုတော့ အခုက လွှတ်လိုက်ပြီလေနော်။ သူတို့တုန်းကတော့ စစ်တပ်မှာ လနဲ့ချီပြီး ထိန်းသိမ်းခဲ့တာဟုတ်တယ်။ အခု ဦးလင်းလင်းဦးကတော့ သူတို့လွှတ်ပြီးတော့ နောက်ထပ် ပြန်ဖမ်းခံရတာပေါ့”

ဦးလင်းလင်းဦးသည် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။

သို့သော်  ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အဆိုပါနေရာအတွက် ထပ်မံယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ဦးလင်းလင်းဦးသည် တနိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...