တီးတိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် အမျိူးသမီးတစ်ဦးသေဆုံး

တီးတိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် အမျိူးသမီးတစ်ဦးသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်တွင်နေထိုင်သော အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ယနေ့မွန်းလွဲပိုင်း ၁ နာရီခန့်က ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသွားသည်ဟု သိရသည်။

“သူမက ပြီးခဲ့တဲ့ရက်ပိုင်းက ကိုယ်တွေပူတယ်၊ သူဟာသူ ငှက်ဖျားဖြစ်နေတယ်လို့ထင်တာ၊ ဒါပေမယ့် ဒီနေ့ ဆေးရုံသွားပြလိုက်တော့၊ ကိုဗစ်-၁၉ စစ်ဆေးကြည့်လိုက်တော့ ပိုးတွေ့သွားတယ်၊ အဲဒီမှာ အောက်စီဂျင်လည်း ပေးလိုက်ရသေးတယ်၊ ဒီနေ့မှာဘဲ ဆုံးသွားတာ" ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။

သူမ၏ရုပ်အလောင်းကို ယနေ့ညနေပိုင်း ၅ နာရီတွင် မြေမြုပ်သဂြိုလ်မည်ဟုသိရပြီး သေဆုံးချိန်တွင် ခင်ပွန်းနှင့် အသက် ၄ နှစ်နှင့် ၂ နှစ်ရွယ်ခန့် သားနှင့်သမီးကျန်ရစ်ခဲ့ကြောင်း သိရသည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...