မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်းကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်းကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် IELTS အင်္ဂလိပ်စာသင်တန်းကျောင်းကို စစ်ကောင်စီအုပ်စုမှ ယမန်နေ့ (မေ ၁၆) ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ နေ့လည် (၁) နာရီကျော်တွင် စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီးသွားသည့် IELTS အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာသည် မူဆယ်မြို့ စစ်အာဏာဆန့်ကျင်ရေးတွင် ဦးဆောင်နေသည့်သူဖြစ်နေသည်ဟု သတင်းရရှိသဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ လူမတွေ့သဖြင့် မူကြိုကျောင်းထဲရှိ ပစ္စည်းများကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မူဆယ်ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ကောင်စီ ဖျက်ဆီးလိုက်သည့်ကျောင်းသည် မူကြိုကျောင်း (Pre- School)၊ KG (Kindergarden) နှင့် အင်္ဂလိပ်စာသီးသန့်သင်တန်းကျောင်းတို့ ဖွင့်လှစ်ထားကြောင်း သိရသည်။

“ဆရာကတော့ ရှောင်ထွက်သွားတာကြာပြီး။ အဲအိမ်က သော့ခတ်ထားတယ်။ သော့ကိုဖျတ်ပြီးတော့ ဝင်သွားတယ်။ ပစ္စည်းတွေဖျက်ဆီးတယ်။ ဘာတွေယူသွားလဲတော့မသိရဘူး။ ဆရာက အိမ်ငှားနေထားတာ” ဟု မျက်မြင်တွေ့ရှိသူက ဆိုသည်။

ထိုဖျက်ဆီးခံရသည့် မူကြိုကျောင်းသည် ဆရာကိုကိုသက်အမည်ဖြင့် ငှားရမ်းဖွင့်လှစ်ထားပြီး၊ ထိုမူကြိုကျောင်းအပေါ်ထပ်တွင် ဆရာနေထိုင်ကာ အောက်ထပ်တွင် သင်တန်းကျောင်းတွဲဖွင့်ထားကြောင်း သိရသည်။

မူဆယ်မြို့ CDM ဝန်ထမ်းများကို ကူညီပေးနေသည့်သူများကိုလည်း စစ်ကောင်စီအုပ်စုက လိုက်လံစုံစမ်းဖမ်းဆီးနေကြောင်း သိရသည်။

မူဆယ်မြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ (၃၀) ကျော်ကို စစ်ကောင်စီမှ ဖမ်းဆီးထားပြီး၊ ထိုထဲတွင် အသက် (၁၈) နှစ်မပြည့်သေးသည့် လူငယ်များပါဝင်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် မကြာခဏ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီမှ အကြမ်းဖက်နည်းဖြင့် ပြည်သူနေအိမ်ထိ ဝင်ရောက်ဖမ်းဆီးခြင်း၊ ပစ္စည်းခိုးယူမူများကြောင့် ပြည်သူများ မိမိလုံခြုံရေးအတွက် အလွန်စိုးရိမ်းနေရကြောင်း သိရသည်။

April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...