နောင်ချိုမြို့ CDM ပညာရေးဝန်ထမ်းများကို နည်းမျိုးစုံဖြင့်ခြိမ်းခြောက်

နောင်ချိုမြို့ CDM ပညာရေးဝန်ထမ်းများကို နည်းမျိုးစုံဖြင့်ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်နေသည့် ပညာရေးဝန်ထမ်းများကို မြို့နယ်ပညာရေးမှူးရုံးက နည်းမျိုးစုံသုံးကာ ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။

CDM လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်းများကို မေ ၁၅ ရက်တွင် ကျောင်းသို့လာပြီး ညှိနှိုင်းဆွေးနွေးရန်အတွက် ဆင့်ခေါ်စာများ နေအိမ်ထိ စာပို့ခဲ့ကြောင်း သိရသည်။

“ကျနော်က ကြားကနေအဆင်ပြေအောင် ဆောင်ရွက်ပေးနေတာ။ စာသွားပေးပြီး သူတို့က လက်မခံဘူးဆိုရင်လည်း သူတို့ရဲသဘော။ သူတို့ရဲ့ ဆုံးဖြတ်ချက်ပေါ်ပဲမူတည်တယ်” ဟု နောင်ချိုမြို့ အ.ထ.က (၂) မှ တာဝန်ခံကျောင်းအုပ် ဦးငြိမ်းချမ်းအောင်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ နောင်ချိုမြို့နယ်ပညာရေးမှူးရုံး လူမူစာမျက်နှာကွန်ယက်တွင် CDM တွင် ပါဝင်နေခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီသာမက မိသားစုများကိုလည်း သက်ရောက်မှုရှိနိုင်သည်ကို သတိပြုစေလိုကြောင်း၊ မေလ ၁၄ ရက် နောက်ဆုံးထားပြီး ဆက်သွယ်အကြောင်းကြားစေလိုကြောင်းကို နောင်ချိုမြို့နယ် ပညာရေးမှူးရုံး၊ ဒုတိယဦးစီးမှူး ဒေါ်ဝေမာမြင့်က မေလ ၁၃ ရက်က ခြိမ်းခြောက်ပြောဆိုရေးသားထားခဲ့သည်။

ခြိမ်းခြောက်ဖိအားပေးမှုအမျိုးမျိုးဖြင့် ရင်ဆိုင်နေရသော်လည်း အာဏာဖီဆန်ရေး CDM တွင် ပါဝင်နေသည့် ပညာရေးဝန်ထမ်းများက CDM ကို အဆုံးထိ ဆောင်ရွက်သွားမည်ဖြစ်ကာ ပညာရေးမှူးနှင့် သွားရောက်ညှိနှိုင်းဆွေးနွေးမည်မဟုတ်ကြောင်း သိရသည်။

“ကျမကတော့ အခု အဝေးတစ်နေရာကို ရောက်နေတယ်။ ပြန်မသွားတော့ဘူး။ တာဝန်လည်း မထမ်းဆောင်တော့ဘူး။ အလုပ်ထုတ်ရင် ထုတ်လိုက်တော့။ သူတို့ ဒီလိုစာထုတ်ပြန်လဲ ကျမတို့ကတော့ မသွားဘူး” ဟု တိမ်းရှောင်နေရသည့် နောင်ချိုမြို့နယ်မှ ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိ၏ မိသားစုဝင်များကို စစ်ကောင်စီအုပ်စုမှ တစုံတရာပြုလုပ်ပြီး၊ ဖမ်းဆီးချုပ်နှောင်မည်ကို စိုးရိမ်နေကြောင်းလည်း ပြောဆိုသည်။

နောင်ချိုမြို့တွင် CDM တွင်ပါဝင်သည့် ကျောင်းဆရာမတစ်ဦးကို မေလ ၉ ရက်တွင် စစ်ကောင်စီအုပ်စုမှ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ (၅၀၅-က) ဖြင့် အမှုဖွင့်ထားကာ ယနေ့ချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

လက်ရှိ CDM ပြုလုပ်ထားသည့် နောင်ချိုမြို့ပညာရေးဝန်ထမ်း (၅) ဦးထက်မနည်း ပုဒ်မ (၅၀၅-က) ဖြင့် ဖမ်းဝရမ်းထုတ်ထားသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်။

တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...