လှိုင်းဘွဲမြို့ ဆေးရုံဝန်းတွင် ပေါက်ကွဲမှုဖြစ်

လှိုင်းဘွဲမြို့ ဆေးရုံဝန်းတွင် ပေါက်ကွဲမှုဖြစ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံးဝန်းတွင် ယမန်နေ့ (မေလ ၁၃) ရက်နေ့ ည ၉ နာရီကျော်တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုသည် လက်လုပ်ဗုံးဟုယူဆရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်သူမရှိသော်လည်း ဆေးရုံတံခါးမှန်အချို့ ပျက်စီးမှုများရှိသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

"ဘယ်သူတွေလုပ်တာလဲတော့ မသိဘူး။ ဖြစ်တာက ဆေးရုံဝန်းမှာဖြစ်တာ။ လက်လုပ်ဗုံးပဲထင်တယ်။ အငွေ့တွေအများကြီးပဲတွေ့တယ်။ ညကပေါက်ပြီးတော့ လှိုင်းဘွဲတံတားကို ပေးမဖြတ်တော့ဘူး။ အနီးတဝိုက်လည်း သွားကြည့်ခွင့်မပြုဘူး။ လူတော့မထိဘူး။ ဆေးရုံမှန်တချို့တော့ ကွဲသွားတယ်" ဟု ၎င်းဒေသခံက ကေအိုင်စီသို့ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆေးရုံဝန်းပတ်ဝန်းကျင်တွင် လုံခြုံရေးတင်းကြပ်မှုများရှိလာပြီး ယမန်နေ့ညတွင် လှိုင်းဘွဲမြို့အဝင် ချောင်းကူးတံတားကို အသွား/အလာပိတ်လိုက်ကာ ယနေ့နံနက်တွင် အသွား/အလာ ပြန်လည်ခွင့်ပြုလိုက်ပြီဟု သိရသည်။

၎င်းဆေးရုံဝန်းအနီးအနားတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ကပ်လျက်ရှိပြီး ၎င်းစီးပွားရေးဘဏ်၏ မျက်နှာချင်းဆိုင်တွင် မြို့နယ်ရဲစခန်းရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင်လည်း လှိုင်းဘွဲမြို့ရှိ ပညာရေးမှူးရုံးအနီးတွင် အလားတူပေါက်ကွဲမှုမျိုး ဖြစ်ပွားခြင်းရှိခဲ့သည်ဟု သိရသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...