အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့

အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့

အလောဘွမ့်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ် ယာဉ်တန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၁၀ ရက် မွန်းလွဲပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်နှင့် နွမ်လန့်ကြားရှိ လွယ်ဂျော်ဘွမ့်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားများ သယ်ဆောင်လာသည့် တရုတ် ဆယ့်နှစ်ဘီးကားကြီးတစ်စီးအား KIA က ၃ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများခဲ့ကြောင်း သိရသည်။

“ကားက တစ်စစီဖြစ်သွားတယ်လို့သိရတယ်။ စစ်သား ၁၀ ဦးထက်မနည်းဘူးတဲ့ ထိခိုက်ဒဏ်ရာရတာ။ အခင်းဖြစ်သွားတဲ့နေရာမှာ သွေးအိုင်သွားတယ်လို့ပြောကြတယ်။ ပြီးနောက် မိုင်းခွဲခံရတဲ့ကားကို ဒေါ့ဖုန်းယန်မှာပဲ ပြန်သွားဆေးယူတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

ကားမိုင်းခွဲခံရသည့်နေရာတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား နာရီဝက်ခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောသည်။

ထို့အပြင် အလောဘွမ့်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ဒေါ့ဖုန်းယန်နှင့် နွမ်လန့်ကျေးရွာကြားတွင် စစ်အင်အားအများအပြား တိုးချဲ့လာနေကြောင်း နွမ်းလန့်ဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၀ ရက်နေ့တွင် စစ်ကား ၄၁ စီးနှင့် တစ်ရက်တည်းအတွင်းမှာ စစ်အင်အား ၆၀၀ နီးပါးခန့် တိုးချဲ့ထားပြီဖြစ်ကြောင်း နွမ်လန့်ဒေသခံတစ်ဦးက ယခုလို ထပ်မံပြောဆိုသည်။

“မနေ့ညနေ အာဏာသိမ်းစစ်တပ်ဘက်က စစ်အင်အားအများအပြားဝင်လာတယ်။ စစ်ကားက ၄၂ စီးရှိတယ်။ အဲ့မှာ လက်နက်ကျည်သယ်တဲ့ကားက ၄ စီးရှိတယ်။ အဲဒီလက်နက်တွေက ဒေါ့ဖုန်းယန်ရဲစခန်းမှာ လာချထားတယ်လို့ကြားတယ်။ ကြည့်ရသလောက် အလောဘွမ့်ကို စစ်အင်အားအပြည့်နဲ့ ပြန်တိုက်တော့မှာသေချာတယ်” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်သည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ အလော့ဘွမ်စခန်းကို ပြန်လည်ရရှိရန် မြို့သစ် ကုန်းလောဘက်မှ ထိုးစစ်ဆင်နေသည့်အပြင် အလော့ဘွမ်တောင်ခြေဖြစ်သော ဒေါ့ဖုန်းယန်ဘက်ကိုလည်း စစ်အင်အားအများအပြား ပို့ဆောင်ထားသည်ဟု သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...