အာဏာသိမ်းစစ်တပ်က အလော့ဘွမ်သို့ ပြန်လည်ချီတက်လာ၊ ထိခိုက်ကျဆုံးမှုများ

အာဏာသိမ်းစစ်တပ်က အလော့ဘွမ်သို့ ပြန်လည်ချီတက်လာ၊ ထိခိုက်ကျဆုံးမှုများ

အလောဘွမ့် (Alaw Bum) တောင်ဘက်သို့ စစ်ကူအဖြစ်ချီတက်လာသည့် အာဏာသိမ်းစစ်တပ်၏ အင်အား ၂၀၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်သောကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၀ ရက်နေ့ ယနေ့ နံနက် ၄ နာရီခွဲအချိန်က အဆိုပါအာဏာသိမ်းစစ်တပ် အင်အား ၂၀၀ ခန့်သည် လမ်းတွင် ၅ ကြိမ်ထက်မနည်း မိုင်းခွဲခံလိုက်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။

“စစ်သားတွေက အလောဘွမ့်တောင် လမ်းမကြီးတည့်တည့် တက်လာကြတာဟုတ်တယ်။ အဲ့ဒါကို KIA ထောင်ထားတဲ့ မိုင်းနင်းမိတယ်တဲ့။ အဲ့မှာဘဲ နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြတယ်။ စစ်တပ်ဘက်က အထိနာသွားလို့ ရှေ့တိုးနောက်ဆုတ်ဖို့ ခက်နေတယ်လို့ကြားတယ်” ဟု ပြောဆိုသည်။

အလော့ဘွမ်တောင်ဘက်ကို စစ်အင်အား ၂၀၀ ခန့်ဖြင့် ချီတက်သွားသည်မှာ ၃ ရက်ခန့်ရှိသွားပြီး လမ်းတစ်လျှောက် ရှန်းထုန်းဘွမ့် (Shang Htung Bum) တွင် ပိတ်မိနေသည့် စစ်သားများကို စစ်အင်အားထပ်ဖြည့်ရန် စားနပ်ရိက္ခာနှင့်တကွ တက်သွားသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။

အဆိုပါနေရာတွင် KIA က ရိက္ခာဖြတ်ပိတ်ဆို့ထားသော အာဏာသိမ်းစစ်သားတချို့လည်းရှိနေသေးကြောင်း သိရသည်။

ယခုတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ အတည်ပြုချက်ကို မရရှိသေးပါ။

ဗန်းမော်-လိုင်ဇာ ကားလမ်းမရှေ့ဘက် မြို့သစ်ကျေးရွာအနီး တာဝါတိုင်စခန်းကို စစ်ဗျူဟာအရ KIA က မေလ ၇ ရက်နေ့တွင် ဆုတ်ခွာပေးလိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က အလော့ဘွမ်ဘက်ကို မြေပြင်စစ်အင်အားဖြင့် ပြန်လည်ချီတက်လာခြင်းဖြစ်သည်ဟု သိရသည်

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...