မီဒီယာလွတ်လပ်ခွင့်ပေးရန်နှင့် အင်တာနက်ဖြတ်တောက်မှုရပ်ဆိုင်းရန် သံတမန်အဖွဲ့အစည်းများ တောင်းဆို

မီဒီယာလွတ်လပ်ခွင့်ပေးရန်နှင့် အင်တာနက်ဖြတ်တောက်မှုရပ်ဆိုင်းရန် သံတမန်အဖွဲ့အစည်းများ တောင်းဆို

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသည့် သတင်းထောက်များကို ချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလွတ်လပ်ခွင့်ပေးရန်အပြင် အင်တာနက်ဖြတ်တောက်ပိတ်ဆို့ထားမှုအားလုံးကို ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းများက ထုတ်ပြန်တောင်းဆိုလိုက်သည်။

မေလ ၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့နှင့်ပတ်သက်ပြီး ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယားသမ္မတနိုင်ငံ၊ စပိန်၊ ဆွီဒင်၊ ဆွဇ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ သံတမန်အဖွဲ့အစည်းများက ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းချိန်မှစတင်ပြီး စာနယ်ဇင်းသမားပေါင်း ၈၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ထက်ဝက်ကျော်သည် လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းခံထားရဆဲဖြစ်သည်။

ထို့အပြင် လွတ်လပ်ပြီး တရားမျှတစွာ သတင်းရေးသားတင်ဆက်နေသည့် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများကိုလည်း အာဏာသိမ်းစစ်တပ်မှ ထုတ်ဝေခွင့်လိုင်စင်များအား ပိတ်သိမ်းခဲ့ပါသည်။

အင်တာနက်ဖြတ်တောက်ပြီး မီဒီယာသမားများကို ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် မီဒီယာလွတ်လပ်ခွင့်အား ဖိနှိပ်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသည့် လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်များကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

August 8, 2026
စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီကာ ခံစားနေရသည့်...
ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...