NUG ပေါ်ပေါက်လာခြင်းသည် အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ခြေလှမ်းဟု PPST ခေါင်းဆောင်ပြော

NUG ပေါ်ပေါက်လာခြင်းသည် အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ခြေလှမ်းဟု PPST ခေါင်းဆောင်ပြော

ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ပေါ်ပေါက်လာခြင်းသည် အာဏာရှင်စနစ် အမြစ်ပြတ်ရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်သည်ဟု  PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် က ပြောဆို လိုက်သည်။

ဧပြီလ ၂၆ ရက်နေ့ (ယနေ့) တွင် ပြုလုပ်သည့် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အ ဖွဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်းထဲတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ထိုသို့ ထည့်သွင်း ပြောဆိုထားခြင်း ဖြစ် သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “ဧပြီ ၁၆ ရက်နေ့မှာ အင်အားစု အသီးသီး စုပေါင်းပြီး အမျိုးသား ညီညွှတ်ရေး အစိုး ရ (NUG) ကို တရားဝင်ဖွဲ့စည်း နိုင်ခဲ့ခြင်းဟာ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်တာဖြစ်လို့ အမျိုး သား ညီညွှတ်ရေး အစိုးရရဲ့ ဖွဲ့စည်းခြင်းအပေါ် မိမိတို့ PPST အနေနဲ့ နှစ်ထောင်းအားရ ဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။

ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG သည် စစ်တပ်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက် နွေဦးတော်လှန်ရေး လှုပ်ရှားမှုများမှတစ်ဆင့် တိုင်းရင်းသား လူမျိုးများ၊ နယ်ပယ် အသီးသီးက ပညာရှင် များဖြင့် ဖွဲ့စည်းပေါ်ပေါက်လာသည့် အစိုးရဖြစ်သည် ဟု သိရသည်။

လက်ရှိတွင် အာဏာရှင်စနစ် ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး လှုပ်ရှားသူများကို အာဏာသိမ်း စစ်ကောင်စီ တပ်မှ ပစ်ခတ်ဖြိုခွင်းမှု များရှိနေပြီး ထိုအကြမ်းဖက် ပစ်ခတ်မှုများကြားမှ စဉ်ဆက်မပြတ် တိုက်ပွဲဝင်နေမှုများ ကိုလည်း ပံ့ပိုးကူညီဝန်းရံသွားမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ် က ပြောသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများကို စစ်ကောင်စီ ခေါင်း ဆောင်များက တာဝန်ယူရမည် ဟု PPST ယာယီ ခေါင်းဆောင်က ဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် ကျဆုံးသွားခဲ့ကြတဲ့ အပြစ်မဲ့ ပြည်သူလူထု ၇၀၀ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေက တာ ဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က  အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့မှာ ကျင်းပသည့် အာဆီယံ ခေါင်း ဆောင်များ အထူးအစည်းအဝေး၏ ဘုံသဘောထား သဘောတူညီချက် ၅ ချက်ကို ကြိုဆိုကြောင်းနှင့် တိကျ သည့် လုပ်ငန်းစဉ် အချိန်ဇယားများနှင့် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သွားရန် ဗိုလ်ချုပ်ကြီး ယွက်စစ် က အာဆီယံကို အလေးအနက် မေတ္တာရပ်ခံထားသည်။

အာဆီယံ အစည်းအဝေးမှ ဘုံသဘောတူညီချက် ၅ ချက်ဖြစ်သည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ချက်ချင်း ရပ် တန့်ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံ အထူး ကိုယ်စားလှယ်က ကြားဝင်အကျိုးဆောင်စေ့စပ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး နှင့် အာဆီယံ အထူးကိုယ်စားလှယ်များက မြန်မာပြည်တွင်းသို့ လာရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၎င်းတို့၏ EAO များအနေဖြင့် အာဆီယံနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါသည်ဟု PPST ယာယီ ခေါင်းဆောင် က ပြောသည်။

NCA အပစ်ရပ် အဖွဲ့များ၏ PPST အစည်းအဝေးကို ၂ ရက်တာ ကျင်းပပြုသွားမည်ဖြစ်ပြီး ထိုအစည်းအဝေးတွင် လက်ရှိ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေးကိစ္စနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းသွားရန် ရှိသည် ဟု သိရသည်။

NCA အပစ်ရပ် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...