မော်လမြိုင် CDM ကျန်းမာရေး လုပ်သားများအား ဖိအားပေး

မော်လမြိုင် CDM ကျန်းမာရေး လုပ်သားများအား ဖိအားပေး

မွန်ပြည်နယ်၊ မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေ သည့် ဝန်ထမ်းများ အပါအဝင် CDM ကျန်းမာရေးဝန်ထမ်းများအား ရုံးပြန်တက်ရန် ဖိအားပေးခံနေရသည် ဟု သိရသည်။

မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံအုပ် ဒေါက်တာနိုင်ဦး မှ လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) ဝန်ထမ်းများထံ လုပ်ငန်းခွင်သို့ အမြန် ဆုံး ဝင်ရောက်ရန် အကြောင်းကြား စာပေးပို့လာပြီး ခြိမ်းခြောက်မှုများလည်း ရှိနေသည်ဟု ကျန်းမာရေးဝန်ထမ်း များ က ပြောသည်။

“ရုံးပြန်မတက်ရင် ဖမ်းမယ်ဆီးမယ် တရားစွဲမယ်ဆိုပြီးတော့ အမျိုးမျိုးပါပဲ။ ဖိအားပေး ခြိမ်းခြောက်တယ်၊ CDM တွေကိုလည်း တကယ်ပဲ လိုက်ဖမ်းနေတယ်။ အခုဆိုရင် တိမ်းရှောင်ပြီး နေနေကြရတယ်” ဟု CDM တွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦး က ပြောသည်။

ဆေးရုံအုပ် ဒေါက်တာနိုင်ဦး ၏ အကြောင်းကြားသည့် စာတွင် မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး တွင် တာဝန်ထမ်းဆောင်နေသော လူကြီးမင်းများသည် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှစပြီး လုပ်ငန်းခွင်မှ ခွင့်မဲ့ ပျက် ကွက်နေပါသဖြင့် လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်ပါရန် (ပထမအကြိမ်) အကြောင်းကြား အပ်ပါ သည်ဆိုပြီး ရေးသားထားသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ CDM တွင် ပါဝင်သည့် ဝန်ထမ်းများကို လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းပစ်ခြင်း၊ နေ အိမ်လိုင်းခန်းများမှ အဓမ္မပြောင်းရွှေ့ခိုင်းခြင်းများဖြင့် လုပ်ငန်းခွင်ထဲပြန်ဝင်ရန်လည်း နည်းမျိုးစုံဖြင့် ဖိအားပေး  လုပ်ဆောင်လျှက် ရှိသည်။

ထို့အပြင် CDM တွင် ပါဝင်နေသည့် ဝန်ထမ်းများ ရုံးပြန်တက်နိုင်ရန် ဖိအားပေးနေသလို တစ်ဘက်တွင်လည်း CDM ဝန်ထမ်းများအား ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာနေပြီး CDM အများစုသည်လည်း ထွက်ပြေး တိမ်းရှောင်နေရသည့် အနေအထားရှိသည်ဟု CDM ဝန်ထမ်းအချို့၏ ပြောပြချက်များအရ သိရသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် မော်လမြိုင် အမျိုးသမီးနှင့် ကလေးဆေးရုံ အပါအဝင် မော်လမြိုင်ဆေးရုံကြီး မှ ဝန်ထမ်းအများစုသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ကြသည့်အတွက် ဆေးရုံလည်ပတ်မှု ကို ပိတ်ထားခဲ့ရသည်။

ယခုအခါ အာဏာသိမ်းစစ်ကောင်စီမှ ဆေးရုံကြီးများ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဥ်နေသည့်အတွက် CDM တွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို အလုပ်ပြန်ဆင်းကြရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေခြင်းဖြစ်သည်။

ထို့အပြင် ဧပြီလ ပထမအပတ်က စတင်ပြီး အာဏာသိမ်းစစ်ကောင်စီက လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဝန်ထမ်းများ အား NLD အစိုးရက ထုတ်ချေးပေးခဲ့သည့် COVID-19 ကပ်ရောဂါချေးငွေ နှစ်လစာကို ဖိအားပေး ပြန်ဆပ်ခိုင်းနေသည် အကြောင်းကြားစာများလည်း အချို့သော ဝန်ထမ်းများထံ ပေးပို့ကာ ဖိအားပေးလျှက် ရှိသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...