Published
Monday, April 26, 2021
ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်အတွင်းက ဒေသခံ ၅,၀၀၀ ကျော် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ (ဧပြီလ ၂၆၊ ၂၀၂၁)
ကချင်ပြည်နယ်က တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်အတွင်းက ဒေသခံ ၅,၀၀၀ ကျော် စစ်ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်က RCSS/SSA ရဲ့ ဌာနချုပ် လွိုင်တိုင်းလျန်းအနီးနဲ့ တခြား ကင်းစခန်းတစ်ခုအပါအဝင် နယ်စပ်မှာရှိတဲ့ ရှမ်းစစ်ရှောင်စခန်းတစ်ခုထဲကိုလည်း အာဏာသိမ်းစစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ လုပ်ဆောင်မှုကို ထောက်ခံတယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်(တပ်မဟာ ၅)က သဘောထားထုတ်ပြန် လိုက်ပါတယ်။






