ယင်းမာပင်မြို့နယ်ထဲက ကပိုင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခုညဝင်စီး

ယင်းမာပင်မြို့နယ်ထဲက ကပိုင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခုညဝင်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ယင်းမာပင်ခရိုင်၊ ကပိုင်အုပ်စုထဲက အိမ်ခြေ ၈၀၀ လောက်ရှိတဲ့ ပိုင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ စစ်ကားအစီး ၂၀ ကျော်နဲ့ ဒီကနေ့ ဧပြီလ ၂၅ ရက်ညပိုင်းမှာ တပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့တပ်ဖွဲ့တွေက ကပိုင်ရွာမှာရှိတဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေမှာအဓိကတပ်ဆွဲထားတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

တပ်စွဲထားတဲ့တပ်ဖွဲ့ဝင်တွေက ရွာထဲမှာရှိတဲ့ ဈေးဆိုင်တွေအတော်များများကို ဝင်ရောက်ပြီး ပစ္စည်းတွေကိုယူဆောင်သွားတယ်လို့သိရပါတယ်။

“ဒလံ (သတင်းပေး) တဲ့ အိမ်တစ်အိမ်မှာဆိုရင် ဘုရားစင်တစ်ခုပဲကျန်တယ် တစ်အိမ်လုံးကို ရစရာမကျန်အောင် မွှေနှောက်ယူသွားပါတယ်။ တစ်အိမ်တည်းမှာတင် ငွေကျပ်ခန့်မှန်းတန်ဖိုး သိန်း ၇၀ လောက်ထိကိုပါသွားတယ်။ စုစုပေါင်းတန်ဖိုးဆိုရင် တစ်ရွာလုံးကနေ သိန်း ၂၀၀ ကျော်ဖိုးလောက် တစ်ညတည်းနဲ့တင်ပါသွားတယ်ဗျာ” လို့ ရွာသားတစ်ယောက်က မဇ္ဈိမကိုပြောပါတယ်။

ပါသွားတဲ့ပစ္စည်းတွေကတော့ ရွှေထည်၊ ငွေထည်တွေ၊ ဆိုလာတွေ၊ ဘက်ထရီတွေအပြင် ရွာသားတွေမွေးထားတဲ့ ကြက်၊ ဝက်တွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၅  ရက်ညပိုင်းထိ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ ကပိုင်ကျေးရွာထဲမှာစခန်းချနေတာကြောင့် ကျေးရွာထဲက ရွာသူ၊ ရွာသားတွေအားလုံးနီးပါး တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

တူမီးသေနတ်တွေနဲ့ခုခံခဲ့ကြတဲ့ ကပိုင်ကျေးရွာကို စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းတာ ဒါနဲ့ဆိုရင် ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။

ဓါတ်ပုံ - ပုံဟောင်း (လားရှိုးမြို့ အဝင်အထွက်တွင် ကုန်ကားများကို စစ်ဆေးနေစဉ်)
August 7, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း သွားလာနေကြသည့် ကုန်တင်မော်တော်ယာဉ်...
August 7, 2026
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y...
August 6, 2026
မလေးရှားအစိုးရသည် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေသည့် ဒုက္ခသည် ၅,၀၀၀ ခန့်အနက် အသက်...
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်မြို့နှင့်...