ခေါင်လန်ဖူး လူငယ် ၆ ဦးကို မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်မှ ဖမ်းဆီး

ခေါင်လန်ဖူး လူငယ် ၆ ဦးကို မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်မှ ဖမ်းဆီး

ခေါင်လန်ဖူးဒေသမှ ပူတာအိုဒေသသို့ လာရောက်သည့် ခေါင်လန်ဖူး လူငယ် (၆)ဦးအား ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် နောင်မွန်းမြို့နယ် မဂွေဇကြိုးတံတားစောင့် ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်မှ ဖမ်းဆီးကာ နောင်မွန်းမြို့သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါတယ်။

မည်သည့် အကြောင်းကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နောင်မွန်း လူငယ်တစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“ကျနော်တို့သေဒမှာရှိတဲ့ပြည့်သူ့စစ်တွေက CDM မှာပါဝင်တဲ့သူတွေနဲ့ဆန္ဒပြထဲမှာ ပါဝင်နေတဲ့လူငယ်တွေကို စစ်ကောင်စီတွေဆီမှာအကြောင်းကြားပေးပြီး ဖမ်းဆီးခြိမ်းခြောက်တာတွေမကြာခဏလုပ်နေတာဟုတ်တယ်။ ပြောမယ်ဆိုရင်ဒလံလုပ်ပေးတာပေါ့” ဟု နောင်မွန်းဒေသခံ လူငယ်တစ်ဦးက KNG ကိုပြောသည်။

မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်များကြောင့် ခရီးသွားပြည်သူများ နေ့စဥ်နှင့်အမျှ မလုံခြုံမှုများခံစားနေရကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...
May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...