ခေါင်လန်ဖူး လူငယ် ၆ ဦးကို မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်မှ ဖမ်းဆီး

ခေါင်လန်ဖူး လူငယ် ၆ ဦးကို မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်မှ ဖမ်းဆီး

ခေါင်လန်ဖူးဒေသမှ ပူတာအိုဒေသသို့ လာရောက်သည့် ခေါင်လန်ဖူး လူငယ် (၆)ဦးအား ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် နောင်မွန်းမြို့နယ် မဂွေဇကြိုးတံတားစောင့် ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်မှ ဖမ်းဆီးကာ နောင်မွန်းမြို့သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိပါတယ်။

မည်သည့် အကြောင်းကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နောင်မွန်း လူငယ်တစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“ကျနော်တို့သေဒမှာရှိတဲ့ပြည့်သူ့စစ်တွေက CDM မှာပါဝင်တဲ့သူတွေနဲ့ဆန္ဒပြထဲမှာ ပါဝင်နေတဲ့လူငယ်တွေကို စစ်ကောင်စီတွေဆီမှာအကြောင်းကြားပေးပြီး ဖမ်းဆီးခြိမ်းခြောက်တာတွေမကြာခဏလုပ်နေတာဟုတ်တယ်။ ပြောမယ်ဆိုရင်ဒလံလုပ်ပေးတာပေါ့” ဟု နောင်မွန်းဒေသခံ လူငယ်တစ်ဦးက KNG ကိုပြောသည်။

မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်များကြောင့် ခရီးသွားပြည်သူများ နေ့စဥ်နှင့်အမျှ မလုံခြုံမှုများခံစားနေရကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...