ပဲခူးတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၃ ဦးကို အစည်းအဝေးဟု ဆိုကာ ဖမ်းဆီး

ပဲခူးတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၃ ဦးကို အစည်းအဝေးဟု ဆိုကာ ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦးကို လုံခြုံရေးအစည်းအဝေးအတွက်ဟုဆိုပြီး စစ်တပ် က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

လုံခြုံရေးအစည်းအဝေးအတွက်ဟု ဆိုကာ  ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်မြို့နယ်၊ ဥသျှစ်ပင်မြို့က ရပ်ကွက် အုပ်ချုပ်ရေးမှူးသုံးဦး ကို ပြည် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များ က ပြော သည်။

ဧပြီလ ၂၄ ရက် နေ့လည် ၁၂နာရီခန့်က ပြည်တော်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ ရွှေပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်အောင်နှင့် ရတနာပုံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသိန်း တို့ သုံးဦးကို ရဲစခန်းမှာ လုံခြုံရေး အစည်းအဝေး လာတက်ပေးပါဟု ဆိုပြီး ဒကစ သို့ ခေါ်သွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးသုံးဦးသည် အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်က ရွေးကောက်ခံ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တနိုင်ငံလုံး တွင် ဧပြီလ ၂၃ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသူ ၃၃၇၁ ဦး ရှိသည်။

ဓါတ်ပုံ - အာရက္ခတပ်တော် (AA)
August 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးသည့် စစ်တပ်၏ ကျားမသောက်တပ်ရင်းကို...
August 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးသည့် စစ်တပ်၏ ကျားမသောက်တပ်ရင်းကို...
ဓါတ်ပုံ - (SHRF) လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မဘိမ်းမြို့နယ် ရပ်ကွက် ၃ ရှိ ဆေးရုံ အဆောက်အအုံ
August 13, 2026
မိုးမိတ်တွင် စစ်တပ်ထိုးစစ်ကို KIA ကြားဖြတ်တိုက်၊ ရေကြီးနေသည့် မဘိမ်းကို စစ်တပ် ဗုံးကြဲ...
August 13, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝခရိုင်၊ ဆမီးမြို့ပေါ်ကို...