ငပုတောမြို့နယ် ရွေးကော်ရုံးအားစစ်တပ်မှဝင်ရောက်စီးနင်းပြီး ရုံးအဖွဲ့များနှင့်စာရွက်စာတန်းများသိမ်းယူခေါ်ဆောင်သွား

ငပုတောမြို့နယ် ရွေးကော်ရုံးအားစစ်တပ်မှဝင်ရောက်စီးနင်းပြီး ရုံးအဖွဲ့များနှင့်စာရွက်စာတန်းများသိမ်းယူခေါ်ဆောင်သွား

ငပုတောမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးကို ဧပြီလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်ကကစစ်တပ်အင်အားများစွာနဲ့ ဝင်စီးခဲ့ပြီး အဲ့ဒီရုံးကရုံးအဖွဲ့တဖွဲ့လုံးနဲ့ စာရွက်စာတန်းများကို သိမ်းယူခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

မဲစာရင်းတွေ လက်ကျန်မဲစာရွက်တွေနဲ့စာရင်းဇယားတွေ သိမ်းယူသွားပြီး စစ်တပ်က ခေါ်ယူသွားတဲ့ ငပုတောမြို့နယ်ရွေးကော်ကရုံးအဖွဲ့ကို ဧပြီလ (၂၈)ရက်နေ့မှာ ပြန်လွှတ်ပေးလို့ စစ်တပ်ကပြောသွားခဲ့တယ်လို့ ငပုတောက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

"အမှန်တကယ် ဖြစ်သင့်တာက စစ်မယ်ဆို ဒီမြို့မှာလာစစ်လေ ဘာဖြစ်လို့ခေါ်သွား သိမ်းသွားကြတာလဲ ကျွန်တော်ကြားတာတော့ ဖမ်းခေါ်တာတော့ မဟုတ်ဘူး စစ်ပြီးရင်ပြန်လွှတ်ပေးမယ်လို့တော့ကြားတယ်"လို့ အဲ့ဒီနိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဆက်လက်ပြောပါတယ်။

အဲ့ဒီအပြင် ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ တခြားမြို့နယ်တွေက ရွေးကောက်ပွဲကော်မရှင်ရုံးတွေကိုဧပြီလအတွင်းမှာ ပုသိမ်မှာရှိတဲ့ စစ်တပ်ဝန်းထဲကို ခေါ်ယူစစ်ဆေးတာတွေပြုလုပ်သွားမယ်လို့ စစ်အုပ်စုဘက်က အကြောင်းကြားလာတွေရှိတယ်လို့လဲသိရပါတယ်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...