ပုသိမ်ဆေးရုံအုပ်ကြီးပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်ကို ထောင်တွင်းတရားရုံးတွင် စတုတ္ထအကြိမ်ရုံးထုတ်

ပုသိမ်ဆေးရုံအုပ်ကြီးပင်းတယမီးအိမ်ရှင် ဒေါက်တာသန်းမင်းထွဋ်ကို ထောင်တွင်းတရားရုံးတွင် စတုတ္ထအကြိမ်ရုံးထုတ်

ပုသိမ်ဆေးရုံအုပ်ကြီး ပင်းတယမီးအိမ်ရှင် ဒေါက် တာသန်းမင်းထွဋ်ကို ဧပြီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းအချိန်က ပုသိမ်ထောင်အတွင်းမှာ ပြုလုပ်ထားတဲ့ထောင်တွင်းတရားရုံးမှာ စတုတ္ထအကြိမ် ရုံးထုတ်ခဲ့တယ်လို့သိရပါတယ်။

ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးတင်လှိုင်က ရာဇ သတ်ကြီးကို ပြင်ဆင်သည့် ဥပဒေ ၅၀၅(က) နဲ့ “အများပြည်သူ အထိတ်တလန့် ဖြစ်စေရန် ရည် ရွယ်ပြီး ဆရာဝန်ကျင့်ဝတ်များကို ဖောက်ဖျက်၍ CDM လှုပ်ရှားမှုတွင်ပါဝင်ဆောင်ရွက်ပြီး ပြည်သူများစိတ်တွင်စိုးရိမ်အောင်ပြုလုပ်ခြင်း” ဟု ဖော်ပြပြီးတိုင်တန်းထားကြောင်းရဲစခန်းရဲ့ ပထမ သတင်းပေးတိုင်တန်းချက်အရသိရပါတယ်။

လာမယ့်မေလ(၅)ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ထပ်မံချိန်းထားပြီး တရားလို မြို့နယ်မှူးအပါ (၃)ဦးကို စတင်စစ်ဆေးသွားမယ်လို့သိရပါတယ်။ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်ကို ဖမ်းဆီးခေါ်ဆောင်သွားသော နေ့မှစပြီး ယခုအချိန်အထိ မိသားစုနဲ့တွေ့ဆုံခွင့် မရရှိသေးသော်လည်း ဒေါက်တာသန်းမင်းထွဋ် ကျန်းကျန်းမာမာ ရှိတယ်လို့ဒေါက်တာသန်းမင်းထွဋ်ရဲ့ အွန်လိုင်းစာမျက်နှာ ကိုလက်ရှိအသုံးပြုနေသူ အက်ဒမင် (Admin) ရဲ့ရေးသားဖော်ပြချက်အရသိရပါတယ်။

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...