မူဆယ်မြို့လယ်ခေါင် ဗုံး(၃)လုံး ပေါက်ကွဲ

မူဆယ်မြို့လယ်ခေါင် ဗုံး(၃)လုံး ပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့လယ်ခေါင် နာရီစင်အနီးတွင် ယနေ့ (ဧပြီ ၂၂)ရက် မနက် ၁၁နာရီဝန်းကျင်၌ ဗုံး (၃) လုံးဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယနေ့ ဧပြီ (၂၂) ရက် မနက် ၁၁ နာရီဝန်းကျင်တွင် အမျိုးသား ၂ဦး ဆိုင်ကယ် မောင်းနှင်လာပြီး စက္ကူထုတ်ကို ပစ်ချသွားခဲ့ပြီး၊ ထို့နောက် ဗုံး(၃)လုံးဆက်တိုက် ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း နာရီစင် အနီးတွင် နေထိုင်သူများက ပြောသည်။

“အသံဗုံးပါပဲ။ တစ်ချို့တွေ့တာက ဆိုင်ကယ် စီးလာပြီး စက္ကူအထုပ် နဲ့ လာပစ်သွားတယ်။ အဲ့မှာ ဗုံး (၃)လုံးဆင့် ပေါက်တော့တာပဲ။ လူတော့ထိခိုက်မှု မရှိဘူး” နာရီစင်အနီး နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲပေမယ့် ထိခိုက် ဒဏ်ရာ ရရှိသူ မရှိကြောင်း နှင့် မည်သည့်အဖွဲ့ ပစ်သွားခြင်း မသိရသေးကြောင်း သတင်းရရှိသည်။

မူဆယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ မရအောင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ နေ့စဉ်နဲ့အမျှ မူဆယ်မြို့လယ်ခေါင်တွင် သွားလာ စစ်ဆေးမှု ပြုလုပ်နေကြား ဗုံးပေါက်ကွဲမှု ဖြစ်ရခြင်းသည် စဉ်းစားစရာဖြစ်နေကြောင်း မူဆယ်မြို့ဒေသခံများက ပြောသည်။

“ နေ့လည်ခင်း ဗုံးပေါက်တာက ထူးဆန်းတယ်။ စစ်သားတွေ၊ ရဲတွေလည်း ရှိနေတယ်။ ခြိမ်းခြောက်တဲ့အနေနဲ့ လုပ်တာပဲထင်တယ်” ဟု မူဆယ်တောင်ရပ်ကွက်နေထိုင်သူတဦးက ပြောသည်။

မူဆယ်မြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်မှုကို နည်းမျိုးစုံဖြင့် ဆက်လက်ဆန္ဒပြသေးကြောင်း သိရသည်။

မူဆယ်မြို့တွင် စစ်အာဏာရှင် ကျဆုံးရေးတွင် ပါဝင်သည့် အမျိုးသား ၂ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီမှ ပစ်သတ်ခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း (၈၀) ကျော်တွင် မူဆယ်မြို့ ဆနဒပြပြည်သူများကို အကြမ်းဖက် စစ်ကောင်စီမှ (၂၇) ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရသည်။

February 23, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (...
February 21, 2026
“သူတို့က နစ်နာကြေးဆိုပြီး ပိုက်ဆံသိန်း (၂၀) ကျပ် ပေးပြီး ကြေအေးခိုင်းတယ်။ သတင်းလည်း...
February 20, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို...
February 19, 2026
ကချင်ပြည်နယ်၊မိုးညှင်းမြို့ပေါ် နေရာအနှံ့မှာ မူးယစ်ဆေးဝါးတွေကို လွတ်လွတ်လပ်လပ်...