မိုးမောက်မြို့နယ် သျှမ်းလူမျိုးနေထိုင်သည့် စီဟက်ရွာတွင် စစ်ကောင်စီ တပ်ဆွဲထား

မိုးမောက်မြို့နယ် သျှမ်းလူမျိုးနေထိုင်သည့် စီဟက်ရွာတွင် စစ်ကောင်စီ တပ်ဆွဲထား

ကချင်ပြည် မိုးမောက်မြို့နယ် သျှမ်းလူမျိုးများနေထိုင်သည့် စီဟက်ရွာ တွင် အကြမ်းဖက်စစ်ကောင်စီမှ တပ်ဆွဲထားပြီး ပြည်သူများကို ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။

ဧပြီ ၁၉ ရက် ညနေပိုင်း မှစတင်ကာ အကြမ်းဖက် စစ်ကောင်စီ က စီဟက်ကျေးရွာ အတွင်း တပ်ဆွဲထားပြီး၊ ရွာသားများကို သေနတ်ဖောက်ကာ ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ စိုင်းကျော်သီဟ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

စီဟက်ရွာတွင် သျှမ်းတိုင်းရင်းသားများနေထိုင်သည့် အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း၊ လက်ရှိရွာထဲတွင် စစ်ကောင်စီတပ် စွဲ ထားသဖြင့် ပြည်သူများ နေရပ်ကို စွန့်ခွာပြီး စစ်ဘေးရှောင်နေကြကာ တချို့သည် အိမ်စောင့်အဖြစ်ကျန်ခဲ့ကြောင်း စိုင်းကျော်သီဟ က ပြောပြသည်။

“ ကျနော်တို့ စစ်ဘေးရှောင် စာရင်းတိကျတော့မရထားဘူး။ ခန့်မှန်ခြေအရတော့ ၅၀၀၀ လောက်ရှိမယ်။ တစ်ချို့ကတော့ ဗန်းမော်ထဲသွားနေတယ်။ မြို့ထဲမှာ ဆွေမျိုးရှိတဲ့သူက မြို့ထဲသွားနေတယ်။ တချို့ ကအိမ်စောင့်ကျန်တဲ့သူရှိတယ် စစ်တပ်တွေကရွာထဲမှာရှိနေသေးတယ်။” ဟု စိုင်းကျော်သီဟ ကပြောသည်။

အိမ်စောင့်အနေဖြင့် ကျေးရွာထဲတွင် ကျန်ရှိခဲ့သူများကို စစ်ကောင်စီ တပ်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုပြုလုပ်နေကြောင်း သိရသည်။

“ သူတို့ (စစ်ကောင်စီတပ်) က မင်းတို့မပုန်းနဲ့ထွက်ခဲ့ မထွက်ရင်အကုန်ပစ်မယ် ဆိုပြီးတော့ ရွာသားတွေကို ခြိမ်းခြောက်တယ်။ ပြီးရင်အိမ်အောက်မှာရှိတဲ့ ကျွဲ၊ နွားတွေကိုလည်း သေနတ်နဲ့ပစ်သတ်လိုက်တယ်။ နေအိမ်တွေကိုလည်း ပစ်တယ်။” ဟု စိုင်းကျော်သီဟ က ပြန်လည် ပြောပြသည်။

ထိုကျေးရွာအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) တပ်သားမျာ သွားလာခြင်းမရှိကြောင်းလည်း ဒေသခံများပြောပြချက်အရသိရသည်။

ဧပြီလ (၁၀)ရက်တွင် မိုးမောက်မြို့နယ်အတွင်း KIA နှင့် အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သား (၄)ဦး သေဆုံးခဲ့ပြီး၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်အများအပြား ပျက်စီး ဆုံးရှုံးပြီး၊ နေအိမ်တလုံး ပျောက်ဆုံးသွားသည့် အထိ ထိခိုက်ပျက်စီးမှု ကြီးမားကြောင်း ကချင်ပြည် SNLD အလုပ်အမှုဆောင်ကော်မတီ က ထုတ်ပြန်ကြေညာခဲ့သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...