ကသာမြို့ လူမဲ့ ပိတောက်သပိတ်ကို သေနတ်ပစ်ဖောက် ဖမ်းဆီး

ကသာမြို့ လူမဲ့ ပိတောက်သပိတ်ကို သေနတ်ပစ်ဖောက် ဖမ်းဆီး

စစ်ကိုင်းဒေသကြီး၊ ကသာမြို့ တွင် လူမဲ့ ပိတောက်သပိတ်ပြုလုပ်ရန် ပြင်ဆင်နေချိန် သေနတ်ဖြင့် ပစ်ဖောက် ဖမ်းဆီးမှုများရှိသည်ဟု သိရသည်။

ကသာမြို့၊ ၃ ရပ်ကွက်အနီး ကမ်းနားလမ်း၌ ဧပြီလ ၂၀ရက်နေ့ (ယနေ့) နံနက်၁၁နာရီခွဲခန့်တွင် လူမဲ့ ပိတောက် သပိတ်ပြုလုပ်ရန် ပြင်ဆင်နေကြစဉ် သေနတ်ပစ်ဖောက်ဖမ်းဆီးမှု တချို့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ဖောက် ဖမ်းဆီးမှုအတွင်း CDM ဝင်ထားသူ အလယ်တန်းပြဆရာမ ဒေါ်မေသူသိန်း ၄၈နှစ် နှင့် ရွှေမြစ်မခ သတင်းဌာနမှ သတင်းထောက် မကြည်သာလှ ၃၇ နှစ်တို့ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

“လူမဲ့သပိတ်အတွက် စာတွေချိတ်၊ ပန်းတွေချည်နေတုန်းမှာ ရဲကားတစ်စီးရောက်လာပြီး သေနတ်သုံးချက် လောက်ဖောက်ပြီး ဝင်ဖမ်းတာ“ ဟု ဒေသခံတစ်ဦးက ပြောသည်။

ကမ်းနားလမ်း အနီးရှိ အုန်းပင်များ၊ ထန်းပင်များ၊ သစ်ပင်များတွင် ပိတောက်ပန်းများချိတ်ဆွဲပြီး အမျိုးသား ညီညွတ်ရေးအစိုး NUG ကို ထောက်ခံကြောင်း စာရွက်များနှင့် ပိတောက်ပန်းများ ချိတ်ဆွဲနေစဉ် ဝင်ရောက် ဖမ်းဆီးခြင်းကြောင်း သိရသည်။

ယခု ဖမ်းဆီးခံမှုသည် ကသာမြို့တွင် ပထမဆုံး ဖမ်းဆီးခံရမှုဖြစ်ကြောင်း သိရသည်။

ကသာမြို့၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ယခုက ၁၈ ရက်နေ့က ကသာဒေသထွက် ငါးချဉ်ထုပ်များဖြင့် စစ်အာဏာ ရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်ခဲ့သည်။

ကသာမြို့မှ ဒေသခံပြည်သူများသည့် မြန်မာနိုင်ငံအနှံ့က အခြားသော ပြည်သူများနည်းတူ စစ်အာဏာရှင်ကျဆုံး ရေး၊ အာဏာရှင်စနစ် အလိုမရှိကြောင်း ဖေဖော်ဝါရီလလယ်ကစတင်ပြီး ယနေ့အချိန်ထိ နည်းမျိုးစုံဖြင့် ဆန္ဒ ထုတ်ဖော်လျှက်ရှိသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...