ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ယခုရက်ပိုင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အနီးအနားကျေးရွာ များမှ ဒေသခံပြည်သူ အိမ်ထောင်စု ၂၀၀ ကျော် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိန်းရှောင်နေကြရသည်ဟု ဒေသခံများနှင့် စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ဖားကန့်မြို့နယ်၊ လုံးခင်းဒေသ ကန်စီးကျေးရွာအနီး ယခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ် ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး လေယာဉ်ဖြင့် တိုက်ခိုက်မှုများရှိလာသည့်အတွက် စစ်ဘေး လွတ်ရာသို့ ထွက်ပြေးနေရခြင်း ဖြစ်သည်ဟု ပြောသည်။
အမည်မဖော်သလိုသူ ကန်စီးကျေးရွာသားတစ်ဦး က “အခုလေယာဉ်နဲ့လာပစ်တဲ့နေရာက ကျနော်တို့နေတဲ့ ရွာနဲ့ ဆို နှစ်မိုင်၊ သုံးမိုင် အဲ့လောက်ပဲ ဝေးတာ။ နီးနီးလေးပဲ။ မနေ့ကဆို လေယာဉ်နဲ့ ခနခနလာပစ်တယ်လေနော်။ ဒီကလူတွေ အဓိကကြောက်တာက လက်နက်ကြီးတွေနဲ့ပစ်လာတာနဲ့ လေယာဉ်နဲ့ပစ်တာကို ကြောက်တာပါ။ အဲ့ ကြောင့် ထွက်ပြေးကြတာပါ။ ဒီရက်ပိုင်းဆို လေယာဉ်ကလည်း ခနခန လာတယ်လေ။ ပစ်တယ်၊ မနေ့ကဆို ၆ ခေါက်လောက်ရှိတယ် လာပစ်တာနော်။ ပြီးရင် ပြန်သွားတယ်။ ခနဆိုပြန်လာတယ်။ ပြန်ပစ်တယ် အဲ့ဒါကို ကြောက်လို့ ထွက်ပြေးတာပါ” ဟု ပြောသည်။
ကန်စီးကျေးရွာနှင့်အနီးအနားရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူ ၄၀၀ နီးပါးခန့် စစ်ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက ပြောသည်။
“ဒီမှာက စစ်ရှောင်က ၃ မျိုးလောက်ရှိတယ်။ အဲထဲမှာ တချို့က အရင်ကတည်းက စစ်ရှောင်စခန်းတွေမှာ စာ ရင်းဝင်ထားတဲ့လူတွေရှိတယ်။ တောင်ယာခုတ်ရင်း ခြံလုပ်ရင်း အပြင်မှာသွားနေကြတာ အခု စစ်တွေဖြစ်လာ တော့ စစ်ရှောင်စခန်းမှာ ပြန်လာနေကြတယ်။ နောက်တစ်မျိုးက ကိုယ့်ရဲ့ လုံခြုံရေးအတွက် ဖားကန့်မြို့တို့၊ လုံးခင်းတို့ ဘက်မှာရှိတဲ့ ဆွေမျိုးတွေအိမ်မှာ သွားနေကြတာ ရှိတယ်။ နောက်တမျိုးက ဒီကန်စီးကျေးရွာမှာပဲ အနီးအနားရွာ တွေက လူတွေ လာနေတာရှိတယ်။ ဘော်စာဒီး၊ ဒန်ဆီခေါ အဲ့ကရွာတွေက လူတွေ ပြေးလာကြ တယ်။ အခု ကောက်ထားတဲ့စာရင်းအရ အိမ်ထောင်စု ၂၀၀ လောက်ရှိပြီ။ လူဦးရေက ၃၀၀ ကျော် ၄၀၀ လောက်ရှိတယ်။”
ကန်စီးကျေးရွာရှိ စာသင်းကျောင်းနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် စစ်ရှောင်များအတွက် နေရာပြင် ဆင်ပေးထားရပြီး အသင်းတော်များက ၎င်းတို့၏ စားဝတ်နေရေးအတွက် ကူညီပေးနေသည်ဟုလည်း သိရ သည်။
“ကန်စီးကို ရောက်လာတဲ့လူတွေကိုတော့ တောင်အောက်ပေါ့၊ တောင်ပေါ်က စစ်တပ်စခန်းနဲ့ အရမ်းနီးလို့ တောင် အောက်မှာရှိတဲ့ စာသင်ကျောင်းရယ်၊ KBC ကျမ်းစာကျောင်းရှိတယ် အဲ့ဒီမှာတွေ နေဖို့ ပြင်ထားပေး တယ်။ ပြီးတော့ လီဆူဘုရားကျောင်းရှိတယ် အဲ့ဒီနေရာတွေမှာ နေကြတယ်။ တချို့လည်း နေ့လည်ဆို ကိုယ့် ရွာကိုယ် နည်း နည်းပါးပါးပြန်ကြည့်၊ အသံမြည်လာရင် ပြန်လာပေါ့။ အခုကတော့ ဒီ ဒန်ဆီခေါရွာက တချို့က တော့ ကျေးလက် ဆေးပေးခန်းမှာ နေတာလည်းရှိတယ်” ဟု စစ်ရှောင်များအား ကူညီပေးနေသူ က ဆက် ပြော သည်။
KIA တပ်မဟာ ၉ လက်အောက်တပ်ခံတပ်ရင်းတစ်ခုဖြစ်သည့် တပ်ရင်း ၆ နယ်မြေအတွင်း ကန်စီးကျေးရွာ အနီး ရှိ တန်းဂေါင်နှင့် မဆတူ နေရာများတွင် ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီခန့်ကစတင်ပြီး ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောသည်။
ထို့ကြောင့် ရွာသားများအတွက် လုံခြုံရေးမှာ စိုးရိမ်နေရသည်ဟု စစ်ရှောင်တစ်ဦး က “စစ်ရှောင်တွေက အခုမှ ရောက်တာဆိုတော့ လိုအပ်တာတွေတော့ သိပ်မရှိသေးဘူး။ ဒါပေမယ့် အခုရောက်နေတဲ့ နေရာကလည်း မလုံ ခြုံဘူးနော်။ စစ်တပ်စခန်းနဲ့လည်း အရမ်းနီးတာဆိုတော့ အဲ့ဒါပဲ လုံခြုံရေးပဲ အဓိက စိုးရိမ်ရတာ။ ရွာသားတွေ လည်း အဲ့ဒါပဲ ကြောက်ကြတာနော်။ ရက်ကြာလာရင်တော့ အခက်အခဲရှိမှာပေါ့နော်။ အခုက ဘုရားကျောင်း တွေကပဲ အဓိက အစားအသောက်တွေကျွေးနေတာပေါ့” ဟု ပြောသည်။
ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကန်ဆီးကျေးရွာအနီးရှိ တန်းဂေါင်ဘွမ်(တန်းဂေါင်တောင်) နှင့် ဂိုင်းဒါးဘွမ် (ဂိုင်းဒါး တောင်)ရှိ စစ်တပ်ကုန်းနှစ်ခုကို KIA က သိမ်းယူလိုက်သည့်နောက် ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွား လာရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။







