သီပေါ စစ်ရှောင် (၁၀၀၀ )ကျော် ဆေးဝါး အရေးပေါ် လိုအပ်နေ

သီပေါ စစ်ရှောင် (၁၀၀၀ )ကျော် ဆေးဝါး အရေးပေါ် လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ဘေးရှောင် (၁၀၀၀)ကျော် ဆေးဝါး အရေးပေါ် လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စစ်ရှောင်များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ကြားတိုက်ပွဲ တင်းမာမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ရှောင်များဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီပေးသူများ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ခုလောလောဆယ် စားဖို့သောက်ဖို့တော့ ရိက္ခာတွေ ရှိသေးတယ်။ လိုအပ်နေတာက ဆေးဝါးတွေ လိုအပ်တယ်။ ရာသီဥတုကူးပြောင်းစဆိုတော့ ကလေးတွေ နှာစေး ချောင်းဆိုး တာတွေ ဖြစ်ကြတယ်။ ဒါကြောင့် ဆေးဝါးတွေ လိုအပ်တယ်” ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ဧပြီ (၆) ရက် မှစတင်ပြီး ရောက်ရှိလာကြောင်း၊ ယနေ့ချိန်ထိ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုကြောင့် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“စားရင်းသိသလောက်တော့ စစ်ရှောင်တွေ (၁၀၃၆) ဦးရှိတယ်။ နည်းနည်းတိုးလာတာတော့ ရှိတယ်။ ရောက်လာတာ (၁၀) ရက်ကျော်ပြီ မပြန်သေးဘူး။သူတို့ရွာထဲမှာ နှစ်ဖက်တပ် တင်းမာတာတွေ ရှိလို့ သူတို့ မပြန်ရဲကြသေးဘူးလို့ ပြောတယ်”ဟု စစ်ရှောင် ကူညီပေးသူ က ထပ်လောင်းပြောသည်။

ယမန်နေ့ ဧပြီ (၁၈) ရက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း ပစ်ခတ်မှုကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ် မန်လီကျေးရွာမှာ လက်နက်ကြီးသံ ကြားရကြောင်း သိရသည်

ဧပြီ (၆) ရက်နေ့တွင် နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် (၃) လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...