ငွေပျော်စံပြကျေးရွာရှိ လူငယ်များကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

ငွေပျော်စံပြကျေးရွာရှိ လူငယ်များကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

မြစ်ကြီးနားမြို့ မြောက်ဘက် အင်ခိုင်ဘွမ်တောင်ခြေ ငွေပျော်စံပြ ကျေးရွာတွင် ယနေ့ညနေပိုင်းက အာဏာသိမ်းစစ်တပ်က စစ်ကား ၂ စီးဖြင့် ကျေးရွာလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ညနေ ၆ နာရီခန့် ကျေးရွာကွန်ကရစ်လမ်းတွင်ရှိနေသော လူငယ် ၆ ဦးခန့်ကို ဆွဲခေါ်သွားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကလေးတွေက ပြေးနေတာတွေ့တော့ အဲမှာအဘွားတစ်ယောက်က ငါ့သားပါသွားပြီ ဆိုပြီး ငိုနေတယ်။ ” ဟု ပြောသည်။

စစ်ကား ၂ စီးဖြင့် မျက်နှာဖုံးထားသော စစ်သားများက လူငယ်ယောကျာ်းလေးများကိုသာ ရွေးပြီး ဆွဲခေါ်သွားသည်ဟု ဆိုသည်။

အာဏာသိမ်း စစ်တပ်က ပေါ်တာဆွဲခေါ်သွားခြင်းဖြစ်နိုင်ကြောင်း တွက်ဆထားပြီး ဒေသခံများက စိုးရိမ်နေကြသည်။

လူမျိုးပေါင်းစုံနေထိုင်သော ငွေပျော်စံပြကျေးရွာကို ၂၀၁၃ ခုနှစ် ကချင်စစ်ရှောင်များကို ပြန်လည်အခြေချထားသော ကျေးရွာဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော်ရှိသည်။

ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနား ပလန ကျေးရွာအုပ်စုဝင်ဖြစ်ပြီး အာဏာသိမ်းစစ်တပ် (၂၉) တပ်ရင်း ကျေးရွာအနီးတွင် တည်ရှိသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...