ငွေပျော်စံပြကျေးရွာရှိ လူငယ်များကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

ငွေပျော်စံပြကျေးရွာရှိ လူငယ်များကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

မြစ်ကြီးနားမြို့ မြောက်ဘက် အင်ခိုင်ဘွမ်တောင်ခြေ ငွေပျော်စံပြ ကျေးရွာတွင် ယနေ့ညနေပိုင်းက အာဏာသိမ်းစစ်တပ်က စစ်ကား ၂ စီးဖြင့် ကျေးရွာလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

ညနေ ၆ နာရီခန့် ကျေးရွာကွန်ကရစ်လမ်းတွင်ရှိနေသော လူငယ် ၆ ဦးခန့်ကို ဆွဲခေါ်သွားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ကလေးတွေက ပြေးနေတာတွေ့တော့ အဲမှာအဘွားတစ်ယောက်က ငါ့သားပါသွားပြီ ဆိုပြီး ငိုနေတယ်။ ” ဟု ပြောသည်။

စစ်ကား ၂ စီးဖြင့် မျက်နှာဖုံးထားသော စစ်သားများက လူငယ်ယောကျာ်းလေးများကိုသာ ရွေးပြီး ဆွဲခေါ်သွားသည်ဟု ဆိုသည်။

အာဏာသိမ်း စစ်တပ်က ပေါ်တာဆွဲခေါ်သွားခြင်းဖြစ်နိုင်ကြောင်း တွက်ဆထားပြီး ဒေသခံများက စိုးရိမ်နေကြသည်။

လူမျိုးပေါင်းစုံနေထိုင်သော ငွေပျော်စံပြကျေးရွာကို ၂၀၁၃ ခုနှစ် ကချင်စစ်ရှောင်များကို ပြန်လည်အခြေချထားသော ကျေးရွာဖြစ်ပြီး အိမ်ခြေ ၄၀၀ ကျော်ရှိသည်။

ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနား ပလန ကျေးရွာအုပ်စုဝင်ဖြစ်ပြီး အာဏာသိမ်းစစ်တပ် (၂၉) တပ်ရင်း ကျေးရွာအနီးတွင် တည်ရှိသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...