CDM ဝန်ထမ်းများအား ကိုဗစ်ချေးငွေ ပြန်ဆပ်ခိုင်း

CDM ဝန်ထမ်းများအား ကိုဗစ်ချေးငွေ ပြန်ဆပ်ခိုင်း

အာဏာသိမ်းစစ်ကောင်စီက လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်သော ဝန်ထမ်းများအား NLD အစိုးရက ထုတ်ချေးပေးခဲ့သည့် COVID-19 ကပ်ရောဂါချေးငွေ နှစ်လစာကို ဖိအားပေး ပြန်ဆပ်ခိုင်းနေသည်ဟု သိရသည်။

COVID-19 ကပ်ရောဂါ၏သက်ရောက်မှုကို ကုစားနိုင်ရေးအတွက်ဆိုကာ NLD အစိုးရကထုတ်ချေးပေးခဲ့သည့် လ  စာ နှစ်လစာကို ဖိအားပေး ပြန်ဆပ်ခိုင်းနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာအောက်ရှိ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

အတိုးမဲ့ချေးပေးသည့် ကိုဗစ်ချေးငွေ လေးသိန်းခွဲကျော်ကို သတ်မှတ်ထားသည့် ဆိုင်းငံ့ကာလကျော်မှသာ လစာ ထဲမှ အရစ်ကျပြန်ဆပ်ရန်ဖြစ်သော်လည်း CDM ဝင်သည့်အတွက် ပြန်ဆပ်ခိုင်းနေကြောင်း ၎င်းကဆက်လက်ရှင်း ပြသည်။

CDM ဝင်သဖြင့် ရာထူးမှ ထုတ်ပယ်သည့်စာနှင့်အတူ နေအိမ်လိုင်းခန်းကိုလဲ ပြန်အပ်ရန် စာပေးထားကြောင်း ဝန် ထမ်းလုပ်သက် ၁၆နှစ်ရှိထိုသူက ဆိုသည်။

"အဆုံးအထိ နိုင်အောင်တိုက်မှာပါ" ဟု ရာထူးထုတ်ပယ်စာ၊ အကြွေးတောင်းစာ၊ အိမ်ခန်းဖယ်စာ သုံးစောင် တပြိုင်ထဲရထားသူက ပြောသည်။

ရုံးမတက်ချင်၍ ချေးငွေ ၂ လစာ ပြန်ဆပ်ပြီး ထွက်စာတင်သူ အချို့ကိုလည်း ထွက်ခွင့်မပေးကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်း ၂၀၀၀ ကျော်ခန့်ရှိသည်အနက် ၃၀၀ ကျော်ခန့် CDM ဝင်ထား ကြောင်းသိရသည်။

August 14, 2026
ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ရေကြည်မြို့နယ် အစပ်ဒေသများတွင် အာရက္ခတပ်တော် (AA) နှင့်...
ဓါတ်ပုံ - အာရက္ခတပ်တော် (AA)
August 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးသည့် စစ်တပ်၏ ကျားမသောက်တပ်ရင်းကို...
August 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးသည့် စစ်တပ်၏ ကျားမသောက်တပ်ရင်းကို...
ဓါတ်ပုံ - (SHRF) လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မဘိမ်းမြို့နယ် ရပ်ကွက် ၃ ရှိ ဆေးရုံ အဆောက်အအုံ
August 13, 2026
မိုးမိတ်တွင် စစ်တပ်ထိုးစစ်ကို KIA ကြားဖြတ်တိုက်၊ ရေကြီးနေသည့် မဘိမ်းကို စစ်တပ် ဗုံးကြဲ...