ဓါးစာခံဖမ်းခံရသူ အငြိမ်းစား ဆရာမကြီး မိသားစုနှင့် အဆက်အသွယ်မရ

ဓါးစာခံဖမ်းခံရသူ အငြိမ်းစား ဆရာမကြီး မိသားစုနှင့် အဆက်အသွယ်မရ

ဓါးစာခံအဖြစ် ဖမ်းဆီးခံရသူ ၇၆ နှစ်ရှိ အငြိမ်းစားဆရာမကြီးတစ်ဦး ဖမ်းဆီးခံရပြီးနောက် တစ်လကျော်ကြာမြင့် လာသည်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးဘူးဟု မိသားစုဝင်တစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့ကုန်းရပ်ကွက်နေ အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်ခင်စာကို မတ် လ ၁၀ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးသလို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုလည်း မသိရသေး ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

 

“ဖမ်းတုန်းက ကသာထောင်မှာလာတွေ့ပြောသွားတာပဲ။ ဒါပေမယ့် ကသာထောင်မှာ လည်း စုံစမ်းတာမရဘူး ဖြစ်နေတယ်။အသက်ကြီးတော့စိတ်ပူတယ်“ ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

 

မတ်လ ၁၀ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်တွင် တက်ကြွပါဝင်သည့် တူဖြစ်သူကိုလာဖမ်းစဉ် တူဖြစ်သူကိုမတွေ့ပဲ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် လေသေနတ်ကိုသာတွေ့ရှိသဖြင့် အသက် ၇၆ နှစ်အရွယ် ဒေါ်ခင်စာကို ဓါးစာခံ အဖြစ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

 

ယခုခါ ဆရာမကြီးကို ပုဒ်မ ၅၀၅(ခ)၊ ၁၉(င)၊ ၁၉(စ) တရားစွဲဆိုထားသည်ဟုသာ စုံစမ်းသိရှိကြောင်း မိသားစုဝင် တစ်ဦး က ပြောသည်။

 

ကောလင်းမြို့မှ ဦးမင်းလွင် ၆၁နှစ်၊ ဦးသိန်းထိုက် ၄၁နှစ်၊ ဦးကျော်သူရ ၄၀နှစ်၊ ဦးကျော်စိုးနိုင်၊ ဦးစောရန်နော် ၄၃ နှစ်၊ မောင်အောင်ခိုင်စိုးကျော်ဇေယျ၊ ၁ရပ်ကွက် ဦးဆန်းဝင်း ဂုံညှင်းရှို၊ ဦးမင်းသူအောင်၊ မောင်သီဟဇော် မီးရ ထား အိပ်ယာ၊ မောင်ဆန်းထွန်း ဝါးသီးကုန်းရွာ၊ အောင်ဇော်ဦး ကျောက်ပုထိုး၊ မောင်သက်မောင်မောင် အောင် ချမ်းသာ၊ ဒေါ်အေးမြမြထွန်း ၃၅နှစ် စက်ရုံလယ်ပြင်ရပ်၊ မသီတာနိုင် သုဝဏ္ဏ တို့အပါအဝင် စုစုပေါင်း ၁၅ ယောက်ခန့် သည် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးပဲ ပစ္စည်းများသာပို့ပေးခွင့်ရကြောင်း သိရသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...