တန် ၄၀၀၀ မြိုင်ကလေးဘိလပ်မြေစက်ရုံတွင် ဝန်ထမ်းများကို သင်္ကြန်တွင်း အတင်းအဓမ္မ အလုပ်ဆင်းခိုင်း

တန် ၄၀၀၀ မြိုင်ကလေးဘိလပ်မြေစက်ရုံတွင် ဝန်ထမ်းများကို သင်္ကြန်တွင်း အတင်းအဓမ္မ အလုပ်ဆင်းခိုင်း

ဖားအံမြို့နယ် သံလွင်အနောက်ဖက်ခြမ်းရှိ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ စက်ရုံဝန်ထမ်းများကို သင်္ကြန်ကာလအတွင်း အတင်းအဓမ္မ အလုပ်ဆင်းခိုင်းနေသည့်အတွက် စက်ရုံဝန်ထမ်းများမှာ ငြင်းဆန်ရန် အခက်အခဲများရှိနေကြောင်း နီးစပ် သူများ၏ ပြောပြချက်အရ သိရသည်။

၎င်းစက်ရုံ၏ အရည်အသွေးဌာနမှ ဌာနမှူး ဦးထိန်လင်းစိုးနှင့် ဒုစက်ရုံမှူး ဦးစိုးလွင်တို့က သင်္ကြန်ကာလအတွင်း အလုပ် သမားများအား ယင်းသို့ အလုပ်ဆင်းခိုင်းနေခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ စက်ရုံဝန်ထမ်းတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခုဆိုလို့ရှိရင် လူကြီးတွေက သင်္ကြန်ကာလ မှာ အလုပ် အတင်းဆင်းခိုင်းနေတယ်။ ဌာနတိုင်းကို ဖြစ်နေတယ်။ နင်တို့က မိသားစုစိတ်ဓါတ် မရှိဘူး။ မိသားစုလို အလုပ်လုပ်ရမှာကို နင်တို့က မလုပ်ဘူး။ ဝန်ထမ်းတွေကလည်း အားကိုးစရာမရှိ၊ အကြောက်တရားကတော့ အသီးသီး ရှိကြတာပဲ။”ဟု ဧပြီလ ၉ရက်နေ့က ပြောသည်။

အဆိုပါ စက်ရုံဝန်ထမ်းများအနေဖြင့် အလုပ်မဆင်းချင်ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ငြင်းဆန်ရုန်းထွက် ၍ မရသလို လွန်ဆန်၍လည်း မရသည့်အနေအထားဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

တန်(၄,၀၀၀) မြိုင်ကလေးဘိလပ်မြေစက်ရုံ၏ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များသည် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် မပတ်သက်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ရက် နေ့စွဲဖြင့် စက်ရုံမှူးကြီးက လက်မှတ်ထိုးကာ အမိန့်စာထုတ်ပြန်ထားသည့်အတွက် စက်ရုံမှာ ယနေ့အထိ ပုံမှန်လည်ပတ်နေသည် ဟု ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းအင်အားမှာ ၁,၄၀၀ဦးခန့်ရှိပြီး စက်ရုံဝင်းကြီးထဲရှိ ဝန်ထမ်းအိမ်ရာ များ၌နေထိုင်သော ဝန်ထမ်းနှင့် မိသားစုဝင်များမှာ စုစုပေါင်း လူဦးရေ ၃,၀၀၀ကျော်ရှိသည်ဟု သိရသည်။ လက်ရှိတွင် စက်ရုံအနီးပတ်လည်တွင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ကြည့်မှုများရှိကြောင်း ဒေသတွင်း သတင်းများ အရ သည်။

မြိုင်ကလေးဒေသတွင် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း-MEC ၏ အမှတ် (၁)၊ တန် ၉၀၀ ဘိလပ်မြေစက်ရုံနှင့် အမှတ် (၂)၊ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ နှစ်ခုရှိသည်။ အမှတ်(၁)၊ တန် ၉၀၀ ဘိလပ်မြေစက် ရုံကို ၁၉၈၀ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး အမှတ်(၂)၊ တန် ၄,၀၀၀ ဘိလပ်မြေစက်ရုံကို ၂၀၀၁ခုနှစ်တွင် စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။

Most read this week

Photo: KNU
February 25, 2026
ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄...
February 24, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လုပ်ငန်းများ တွင်ကျယ်...
February 23, 2026
တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့်...
CJ (မရောင်းထွက်သေးသည့် ကြံသကာများကို တောင်သူတစ်ဦးနှင့်အတူတွေ့ရစဥ်)
February 21, 2026
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကြံပင်စိုက်၍ ကြံသကာကြိုချက်...