အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးသွားပြီးသေဆုံးသည် ကိုအောင်ပိုင်သူကို ယာဉ်တိုက်မှုဖြင့်သေဆုံး ဟု ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးသွားပြီးသေဆုံးသည် ကိုအောင်ပိုင်သူကို ယာဉ်တိုက်မှုဖြင့်သေဆုံး ဟု ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသွားသည့် တောင်ကြီးလူငယ်တဦးကို ယာဉ်တိုက်မှုဖြင့် သေဆုံးသည် ဟု အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဧပြီ (၄)ရက်တွင် တောင်ကြီးမြို့ညောင်ဖြူစခန်း အုပ်ချုပ်ရေးမှူးရုံး မီးလောင်ရာ သွားရောက်ကူငြိမ်းသက် ပေးသည့် ကိုအောင်ပိုင်သူ ကို အာဏာသိမ်းစစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ဧပြီ (၅)ရက်တွင် အာဏာသိမ်း စစ်ကောင်စီ က မိသားစုဝင်များကို အလောင်လာရောက်ထုတ်ပြန်ရန် သတင်းကြားခဲ့ကြောင်း မိသားစုဝင်များ ပြန်ပြောပြချက် အရသိရသည်။

ထိုကြောင့် ဧပြီ ၆ ရက်နေ့တွင် မိသားစုဝင်များက ကိုအောင်ပိုင်သူ ရုပ်အလောင်းကို သွားရောက်ထုတ်ယူကြကြောင်း သိရသည်။

“ ကိုအောင်ပိုင်သူကို သွားထုတ်တော့ ရဲ နဲ့ စစ်တပ်တွေကတော့ ယာဉ်တိုက်မှုကြောင့်သေဆုံးသွားတယ်လို့ပြောတယ်။ ခေါင်း နဲ့ အဆုတ်ကို ထိသွားပြီးသေသွားတယ်လို့ပြောတယ်။” ဟု မိသားစုဝင် တစ်ဦးကပြောသည်။

ထိုသို့ ကိုအောင်ပိုင်သူသည် ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည် မဟုတ်ကြောင်း၊ သတ်ဖြတ်မှုဖြင့်သာ သေဆုံးသွားရ ကြောင်း၊ ရုပ်အလောင်းကို ကြည့်ခြင်းဖြင့် သိနိုင်ကြောင်း တောင်ကြီးဒေသခံတစ်ဦးကပြောသည်။

“ ယာဉ်တိုက်မှုကြောင့်သေတာ လုံးဝမဖြစ်နိုင်ဘူး။ ခေါင်းကိုလည်း ရိုက်ခွဲထားတယ်။ လည်ပင်းအောက်ကနေ ချက်ထိခွဲထားတယ်။ နားရွက်ကလည်း ပြတ်လုနီးပါးရှိတယ်။ ကျောမှာလည်း ဓါးနဲခုတ်ထားတယ်။ ဒါတင်မကသေးဘူး ယောကျာ်းအင်္ဂါလည်း ဖြတ်ထားတယ်” ဟု အလောင်းကို မျက်မြင်တွေ့ရှိသူတဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကိုအောင်ပိုင်သူတို့သည် မောင်နှမ ၆ ယောက်ရှိပြီး အငယ်ဆုံးသားဖြစ်ပြီး လာမည့် လတွင် မဂ်လာဆောင်ပွဲ လုပ်မည်ဟု လည်းသိရသည်။

လက်ရှိအချိန်တွင် ကိုအောင်ပိုင်းသူ ၏ မိခင်သည် ကျန်းမားရေးခြေနေဆိုးရွာနေကြောင်းသိရသည်။

“ ကျမတို့ မောင်နှမ ၆ ယောက်ရှိတယ်။ သူကတော့ အငယ်ဆုံးပေါ့။ နောက်လမှာဘဲသူကိ မိန်းမတောင်းပေးမလို့။ အမေကလည်းကျန်းမားရေးမကောင်းဘူး။ အောင်ဆီဂျင်နဲ့ အသက်ရှူနေရတယ်။ သူကိုမောင်လေးရဲ့ ခြေနေကိုတောင်း သိပ်မပြောပြရဲဘူး” ဟု မိသားစုဝင် တစ်ဦးကပြောသည်။

အလားတူ တောင်ကြီးမြို့တွင် မတ်လ ၂၈ ရက်နေ့က သေဆုံးသွားသည့် မောင်တည်မြဲလွန်းအလောင်းကိုလည်း အကြမ်းဖက်စစ်ကောင်စီမှ အလောင်းဖျောက် မီးသဂြိုဟ်ခဲ့ကြောင်းသိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...