အာဏာသိမ်း စစ်ကောင်စီအုပ်စုသည် “ဝ” အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် ဆက်တိုက်တွေ့ဆုံ

အာဏာသိမ်း စစ်ကောင်စီအုပ်စုသည် “ဝ” အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် ဆက်တိုက်တွေ့ဆုံ

အာဏာသိမ်းစစ်ကောင်စီ မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်ပြီး “ဝ” အပါအဝင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ တို့သည် ယခုရက်ပိုင်း ဆက်တိုက် တွေ့ဆုံနေကြောင်း စုံစမ်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီသည့် ယမန့်( ဧပြီ ၇)ရက်တွင် “ UWSA” တပ်ဖွဲ့ မှ စစ်ဦးစီး ဌာနကြီးမှူး ကျောက်ကော်အန်း ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံပြီး၊ ယနေ့(ဧပြီ ၈)ရက် တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တွေ့ဆုံခဲ့ကြောင်း နီးစပ်ရာ သတင်းရင်းမြစ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အာဏာသိမ်း စစ်ကောင်စီအုပ်စုဖက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်ကာ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ဒုတိယဗိုလ်ချုပ်မင်းနောင်၊ တြိဂံတိုင်းစစ်ဌာနချုပ် ကျိုင်းတုံ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လားရှိုး တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး တို့ပါဝင်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့တွေ့ဆုံရာတွင် အဓိကအနေဖြင့် မဟာမိတ်ကိုထိန်းသိမ်းရန် နှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကို မထောက်ခံရန် စစ်ကောင်စီ ဘက်မှ ပြောဆိုခဲ့သည် ဟု သတင်းရရှိသည်။

ယနေ့ (ဧပြီ ၈)ရက် မနက်ပိုင်းတွင်လည်း သျှမ်းတောင် တောင်ကြီးတွင် ရဟတ်ယာဉ် (၂)စီး ပျံသန်းခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

ဧပြီ ၄ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီ မှ “UWSA”ဌာနချုပ် ဝမ်ဟုန်ဒေသ အတွင်း စစ်သည်နှင့် စစ်သမီးများကို ကျန်းမာရေး ဆိုင်ရာသင်တန်းပေးခဲ့ကြောင်း သိရသည်။

ဒါ့အပြင် မတ်ချ် ၂၄ ရက်နေ့ကလည်း လားရှိုးတိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက ဝါ ဒု စစ်ဦးစီးချုပ် ဦးကျောက်ကော်အန်း အား ဝထိန်းချုပ်နယ်မြေ မိုင်းလိန်း တွင်လည်းကောင်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က မိုင်းလား ဒုတိယ ဥက္ကဌ ဦးဆန်းပေအား တာပိန်းဂိတ် (နှစ်ဘက်တပ်နယ်ခြားမျဉ်းဂိတ်) တွင်လည်းကောင်း တွေ့ဆုံခဲ့ပါသေးသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...