ကချင် CDM တွင် ပညာရေးဌာနက လူဦးရေအရ အများဆုံးဖြစ်

ကချင် CDM တွင် ပညာရေးဌာနက လူဦးရေအရ အများဆုံးဖြစ်

CDM လှုပ်ရှားမှုတွင် ကချင်ပြည်နယ်အတွင်း လူဦးရေအရ အများဆုံးပါဝင်သည့် အစိုးရဝန်ကြီးဌာနမှာ ပညာရေးဝန်ကြီး ဌာန ဖြစ်ပြီး တစ်ပြည်နယ်လုံးတွင် ဌာနပေါင်းစုံက CDM ဝန်ထမ်း ၅၅၃၂ ဦး ပါဝင်သည်။

 

ဧပြီလ ၈ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည့် ကချင် နိုင်ငံရေး ယာယီ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Kachin Political Interim Coordination Team -KPICT) က ထုတ်ပြန်လိုက်သည့် စာရင်းဇယားများတွင် ပြည်နယ်အတွင်းရှိသည့် အစိုးရဌာနများအနက် ပညာရေးဝန်ကြီး ဌာန က ပထမ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနက တတိယ အဆင့် ရှိသည်။

 

KPICT ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်း ၅၀၀၀ ကျော်ရှိသည်။

 

“KPICT မှ သက်ဆိုင်ရာ CRPH အဖွဲ့ဝင်များနှင့် ပူးပေါင်းကောက်ခံ စုစည်းထားသော လက်ရှိစစ်တမ်းအရ - ကချင်ပြည်နယ်တွင်CDM ဝန်ထမ်းဦးရေ စုစုပေါင်း ၅၅၃၂ ဦးရှိကြောင်း သိရှိရပါသည်” ဟု ထုတ်ပြန် ထား သည်။

 

လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) တွင် ပါဝင်သည့် ဝန်ထမ်းများအားလည်း KPICT က ဂုဏ်ယူသည်ဟု ပြောသည်။

 

“အလွန်ခက်ခဲကြမ်းတမ်းသည့်အခြေအနေတွင် ယခုကဲ့သို့ မိမိဘဝနှင့် မိသားစုဘဝများကို အရင်းပြုကာ CDM တွင် စွမ်းစွမ်းတမံပါဝင်လျက်ရှိကြသော ဝန်ထမ်းပြည်သူတို့အား ကျွန်ပ်တို့ KPICT မှ အထူး ဝမ်းသာဂုဏ်ယူ ကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်” ဟု ပြောသည်။

 

မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်ပွဲများတွင် စတင်ချိန်မှ ယနေ့အချိန်ထိ ပါဝင်နေသည့် လူငယ်တစ်ဦးက “ကျနော် တို့ဆီမှာ တောက်လျှောက်ပါခဲ့တာက ကျနော်တို့ရဲ့ ဆရာ ဆရာမတွေပါ။ တခြားဌာနတွေကိုလည်း CDM မှာ ဆက်လက်ပြီး လာရောက်ပါဝင်စေချင်တယ်။ ကျနော်တို့ လူငယ်တွေ နေ့တိုင်း အသက်ပေးနေတာမျိုး၊ ဖမ်းဆီး ခံနေရတဲ့ ကိစ္စတွေကို အားလုံးက မြင်တာပဲနော်။ ဒါကြောင့် ဒီစစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက် ဝန်ထမ်း အာ လုံး လာပြီး ပူးပေါင်းပေးစေချင်ပါတယ်” ဟု ပြောသည်။



 

စစ်ကောင်စီမှ အသက်သွင်းလိုသော အစိုးရယန္တရားတစ်ရပ်လည်ပတ်နိုင်ခြင်းမရှိစေရေးတွင် CDM ဝန်ထမ်းများ သည် အခရာဖြစ်ပြီး၊ CDM များ ဆက်လက်တောင့်ခံနိုင်ဖို့ရန် ပြည်သူအားလုံး ဝိုင်းဝန်းဖေးမကူညီကြရန်လည်း Kachin Political Interim Coordination Team (KPICT) - ကချင်နိုင်ငံရေးကြားကာလ ဆွေးနွေးညှိနှိုင်း ရေး အဖွဲ့ က တိုက်တွန်းထားသည်။

 

ယခုထုတ်ပြန်လိုက်သည့် KPICT ၏ CDM တွင် ပါဝင်သည့် ဝန်ထမ်းဦးရေ စာရင်းကို KPICT နှင့် CRPH က တာဝန်ရှိသူများ ပူးပေါင်း ကောက်ခံထားခြင်း ဖြစ်သည်။

ဓါတ်ပုံ - (SHRF) လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မဘိမ်းမြို့နယ် ရပ်ကွက် ၃ ရှိ ဆေးရုံ အဆောက်အအုံ
August 13, 2026
မိုးမိတ်တွင် စစ်တပ်ထိုးစစ်ကို KIA ကြားဖြတ်တိုက်၊ ရေကြီးနေသည့် မဘိမ်းကို စစ်တပ် ဗုံးကြဲ...
August 13, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်၊ ပလက်ဝခရိုင်၊ ဆမီးမြို့ပေါ်ကို...
ဓါတ်ပုံ - Crd (ပုံဟောင်း)
August 13, 2026
တရုတ်၏ ဖိအားပေးမှုကြောင့် မြန်မာ - တရုတ် နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများနှင့်...
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
August 13, 2026
ရေဘေးနှင့် စစ်ဘေး အလူးအလဲခံနေရသည့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ရေဘေးကြောင့် သေဆုံးသူ ၂၅ ဦး အထိ...