KNU တပ်မဟာ ၄ နှင့်လည်း စစ်ကောင်စီတို့တိုက်ပွဲဖြစ်

KNU တပ်မဟာ ၄ နှင့်လည်း စစ်ကောင်စီတို့တိုက်ပွဲဖြစ်

ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၄ မြိတ်(ဘိတ်)-ထားဝယ်ခရိုင် တပ်ဖွဲ့ဝင်များနှင့် စစ် ကောင်စီ၏ လက်နက်ကိုင် တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကရင်လွတ်မြောက်ရေး တပ်မတော် KNLA က ထုတ်ပြန်ထားသည်။

ဧပြီလ ၆ ရက်နေ့ (ယမန်နေ့) တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက် ကိုင်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂ ဦးကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ၏ ထုတ်ပြန်ချက်အရ သိရ သည်။

“မိမိတို့ KNLA တပ်မဟာ (၄) ဘက်မှ လုံခြုံရေးအရ ကန့်သတ်ထား သည့် နယ်မြေကို ကျော်လွန်ပြီး လှုပ်ရှားမှုပြုလုပ်လာသဖြင့် (06/04/2021) ရက်နေ့ ညနေ (13:30) အချိန်တွင် မိမိတို့ KNLA တပ်မဟာ (၄) အဖွဲ နှင့် ထိပ်တိုက်ရင်ဆိုင်မှု (၁၀) မိနစ်ခန့် ဖြစ်ပွားခဲ့သည်။ ၎င်းတို့အဖွဲ့မှ ဗိုလ်ကြီးတစ်ဦး နှင့် တပ်သား (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟု ရေးသားထားသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့မှ (ခလရ-၁၀၃) တပ်ရင်းမှူး သိန်းဘိုဘို၊ ဒုရင်းမှူး ကျော်ထွန်းသူ ဦးဆောင် သည့်အဖွဲ့ အင်အား(၃၇)ဦး တို့သည် မဲဒိုင် စခန်းသို့ ရိက္ခာနှင့် လစာသွားရောက်ပို့ဆောင်ပေးရန် အကြောင်းပြ ခဲ့ သော်လည်း ၎င်းတို့အဖွဲ့သည်  KNLA တပ်မဟာ(၄) ဘက်မှ လုံခြုံရေးအရ ကန့်သတ်ထားသည့် နယ်မြေကို ကျော် လွန်ပြီး လှုပ်ရှားမှုပြုလုပ်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNLA က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိသားစု တစ်စုကိုလည်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖက်မှ ဖမ်းဆီး ခေါ် ဆောင်သွားသည်ဟု KNLA ၏ ထုတ်ပြန်ချက် ပြောသည်။

“ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး နောက်ထိုအနီးရှိ ကျေးရွာသူရွာသားများဖြစ်ကြသည့် စောတီတီ နှင့်ဇနီး၊ က လေး (၃) ယောက် အပါအဝင်မိသားတစ်စုလုံးတို့အား မောထာရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မော ထာသို့ရောက်ရှိချိန်တွင်လည်း မောထာရှိကျေးရွာသူရွာသားတို့အားပစ်ခတ်မှုများပြုလုပ်သွား ခဲ့သည်” ဟု KNLA က ဆိုသည်။

ဧပြီလ ၆ ရက်နေ့ (ယမန်နေ့) ကလည်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များနှင့် KNU/KNLA တပ်မဟာ ၆ တို့ အကြား KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက် ပွဲအတွင်း ပြည်သူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ဧပြီလ ၇ ရက်နေ့ (ယနေ့) တွင်လည်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များက ယမန့်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် က ထုတ်ပြန်ထားသည်။

June 6, 2026
စစ်ကိုင်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးအတွင်း...
ဓာတ်ပုံ-Crd(ပုံဟောင်း)
June 5, 2026
စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု...
June 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က...
June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...