အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီမှလေကြောင်းနှင့် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက် လက်ပြုလုပ်နေကြောင်း FBR ထုတ်ပြန်

အပစ်ရပ်ကြေညာထားသော်လည်း စစ်ကောင်စီမှလေကြောင်းနှင့် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက် လက်ပြုလုပ်နေကြောင်း FBR ထုတ်ပြန်

စအိုင်ဆူး -အကြမ်းဖက် စစ်ကောင်စီမှ ဧပြီလ ၁ ရက်နေ့မှစ၍ တစ်လတာအပစ်အခတ်ရပ်စဲထားကြောင်း ထုတ်ပြန်ကြေ ညာထားသော်လည်း ကရင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် လေကြောင်းအပြင် မြေပြင်ထိုးစစ်ဆင်တိုက် ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်ဟု ဧပြီလ ၅ ရက်နေ့ ရက်စွဲဖြင့် Free Burma Ranger (FBR)က ထုတ်ပြန်ထားကြောင်းတွေ့ရသည်။

အပစ်ရပ် ကြေညာထားသည့် ဧပြီလ ၁ ရက်နေ့တွင်ပင် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅) နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း နံနက်တစ်ကြိမ်နှင့် နေ့လည်တစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ၎င်းနေ့တွင်ပင် လူသောမြို့နယ်အတွင်း၌ မြေပြင်တိုက်ခိုက်မှုအနေဖြင့် လက်နက်ကြီးဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း FBR၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့နောက် ဧပြီလ ၂ရက်နေ့တွင်လည်း တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း လေးရင်းဖြင့် ကမမောင်းမြို့မှ ဖာ ပွန် မြို့အတွင်းသို့ ချီတက်လာပြီး ထိုနေ့တွင်ပင် ဘူးသိုမြို့နယ်ထဲရှိ လယ်ဒေကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသမီး နော်မူဒို အိမ်ကို ထိမှန်ခဲ့၍ နော်မူဒိုမှာ သေ ဆုံးခဲ့ရာ ၎င်း၏အမျိုးသားဖြစ်သူ စောမြအောင်အနေဖြင့် ဘယ်ဘက်ပခုံးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း FBR က ဆိုသည်။

ထို့အပြင် ကရင်ပြည်နယ်၏ တောင်ပိုင်း KNU ဒူးပလာယာခရိုင်မှ မြောက်စွန်းပိုင်း တောင်ငူခရိုင်အထိ စစ် ကောင်စီ၏ တိုက်ခိုက်မှုများရှိခဲ့ပြီး စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြန့်မှ တောင်တန်းဒေသနေရာအထိ တပ်မ ၇၇ နှင့် တပ်မ ၈၈ တို့၏ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များကို တပ်ဖြန့်ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး KNU တပ်မဟာ (၁)နယ်မြေအတွင်းသို့လည်း တပ်အင်အား ပိုမိုတိုးမြှင့်ထားကြောင်းနှင့် လက်ရှိတွင် တပ်မ ၈၈ အနေဖြင့် KNU တပ်မဟာ(၅)ကို တိုက်ခိုက်ရန် အင်အားသွားရောက် ဖြည့်တင်းနေသည်ဟု ထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြထားသည်။

လက်ရှိတွင် KNU တပ်မဟာ (၅) နယ်မြေအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆင်ရေး တပ်ရင်းပေါင်း (၂၆) ရင်း ခန့်ရှိနေပြီး စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လာကာ ကျေးရွာအတွင်း လက်နက်ကြီးများဖြင့်နေ့စဉ် ပစ် ခတ်နေမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ကျေးရွာသား (၂၀,၀၀၀) ကျော် အိုးအိမ်စွန့်ခွာ ထွက် ပြေးပုန်းအောင်းနေကြရကြောင်းလည်း သိရသည်။

လတ်တလောတွင် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသူများအနေဖြင့် နယ်ပယ်အသီးသီး၏အရေးပေါ်ကူညီ ထောက်ပံ့မှုများအပေါ်တွင်သာ အချိုးကျမှီခိုစားသောက်နေရပြီး လက်ရှိတွင် အစားအသောက် လိုအပ်ချက် သာမက ၎င်းတို့ နယ်မြေအတွင်း စိုက်ပျိုးရိတ်သိမ်းမှုမပြုနိုင်လျှင် ရေရှည်တွင် အကြပ်အတည်းကာလ ဆိုက် ရောက်လာနိုင်ကြောင်းလည်း အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြထားသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ အခြေစိုက် တပ်စခန်းများမှနေ၍ စခန်းအနီးဝန်း ကျင်ရှိ ပတ်ဝန်းကျင်ဒေသများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေပြီး ဒေသခံ ကျေးရွာသားများ၏ စိုက်ပျိုးမြေ တောင်ယာစိုက်ခင်းများ၊ ကျေးရွာ နေအိမ်များအတွင်းသို့ ကျရောက်မှုကြောင့် ဒေသခံများ ယနေ့အ ချိန်ထိ ထွက်ပြေးနေကြရသည်။

အလားတူပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့တွင်လည်း ဂျက်တိုက်လေယာဉ် ၃ စင်း လူသောမြို့နယ်အတွင်း ဝဲပျံသန်း လာမှုကြောင့် ဒေသခံကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ရမှုကို ဖြစ်ပေါ်စေခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုမရှိခဲ့ သော်လည်း ဒေသခံများအနေဖြင့် ၎င်းတို့နေအိမ်နှင့် စိုက်ပျိုးမြေများထဲသို့ မပြန်ရဲကြကြောင်း FBR ၏ ထုတ်ပြန် ချက်၌ ဆက်လက်ဖော်ပြထားသည်။

FBR အနေဖြင့် လတ်တလော CDM လှုပ်ရှားသည့် ပြည်သူလူထုများအပြင် စစ်ပွဲအောက်တွင် ကျရောက်နေ သည့် တိုင်းရင်းသားဒေသများကိုပါ လူသားချင်းစာနာသည့် အကူအညီအထောက်အပံ့များ တိုက်ရိုက် ပံ့ပိုး ကူညီပေးသွားရန်လည်း ၎င်း၏ ထုတ်ပြန်ချက်၌ မေတ္တာရပ်ခံထားသည်။

ဆက်လက်ပြီး ကရင်ပြည်နယ်မှစ၍ မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်ခံရမှုရန်မှ ကာကွယ်ရန် No-Fly- Zone ကို တောင်းဆိုထားပြီး ဒီမိုကရေစီလိုလားသည့် အစုအဖွဲ့များ၊ နိုင်ငံရေးအသင်းအဖွဲ့များ၊ CDM၊ CRPH နှင့် NLD စသည့် နိုင်ငံရေးအင်အားစုများအပေါ်တွင်လည်း ထောက်ခံအားပေးကြောင်း FBR ၏ ထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြထားခဲ့သည်။

January 14, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်/တပ်မဟာ(၅)နယ်‌မြေတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ...
Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...