မိုးကောင်းမြို့ NLD ပါတီဝင် ၃ ဦး ဖမ်းဆီးခံရ

မိုးကောင်းမြို့ NLD ပါတီဝင် ၃ ဦး ဖမ်းဆီးခံရ

မိုးကောင်းမြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၃ ဦးကို ယနေ့ ဧပြီလ ၆ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မိုးကောင်းမြို့ အိုးတန်းရပ်ကွက်တွင်နေသူ အသက် ၅၀ ဝန်းကျင် ဦးကျော်ထက်ဝင်း(ခ)ကိုထွေး၊ နတ်ကြီးကုန်းရပ်ကွက်တွင် နေထိုင်သည့် ဒေါ်သန္ဒာဝင်းနှင့်သူ၏အမျိုးသားစသည်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေ တစ်ဦးထံမှ သိရသည်။

ဦးကျော်ဝင်းထက်(ခ)ကိုထွေး သည် မိုးကောင်းမြို့အတွင်း စစ်အာဏာသိမ်းမှုကြောင့် စားဝတ်နေရေး ခက်ခဲနေသူများကို ‘ပိုရင်လှူ၊ လိုရင်ယူ’ အစီအစဥ်တွင် ပါဝင်နေသူဖြစ်ပြီး ၎င်းအစီအစဥ်အတွက် စားသောက်ကုန်များသွားယူသည့် လမ်းခရီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...