မိုးကောင်းမြို့ NLD ပါတီဝင် ၃ ဦး ဖမ်းဆီးခံရ

မိုးကောင်းမြို့ NLD ပါတီဝင် ၃ ဦး ဖမ်းဆီးခံရ

မိုးကောင်းမြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၃ ဦးကို ယနေ့ ဧပြီလ ၆ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မိုးကောင်းမြို့ အိုးတန်းရပ်ကွက်တွင်နေသူ အသက် ၅၀ ဝန်းကျင် ဦးကျော်ထက်ဝင်း(ခ)ကိုထွေး၊ နတ်ကြီးကုန်းရပ်ကွက်တွင် နေထိုင်သည့် ဒေါ်သန္ဒာဝင်းနှင့်သူ၏အမျိုးသားစသည်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေ တစ်ဦးထံမှ သိရသည်။

ဦးကျော်ဝင်းထက်(ခ)ကိုထွေး သည် မိုးကောင်းမြို့အတွင်း စစ်အာဏာသိမ်းမှုကြောင့် စားဝတ်နေရေး ခက်ခဲနေသူများကို ‘ပိုရင်လှူ၊ လိုရင်ယူ’ အစီအစဥ်တွင် ပါဝင်နေသူဖြစ်ပြီး ၎င်းအစီအစဥ်အတွက် စားသောက်ကုန်များသွားယူသည့် လမ်းခရီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...