KNU တပ်မဟာ ၆ နယ်မြေ အရပ်သားများ ရွာလုံးကျွတ်ထွက်ပြေးရ

KNU တပ်မဟာ ၆ နယ်မြေ အရပ်သားများ ရွာလုံးကျွတ်ထွက်ပြေးရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး နေရသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် KNLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲကြောင့် မာန်အောင်ကျေးရွာတစ်ရွာလုံးသည် ယခုခါ နီးစပ်ရာရှိ ကိုးမိုင်ကျေးရွာ၊ ဟံဂံကျေးရွာနှင့် ရေးမြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဒေသခံများက ပြောသည်။  

“မနေ့ညက ၆ နာရီ ၄၅ မိနစ်လောက်ကနေ စဖြစ်တာ ၈ နာရီ ၁၀ မိနစ်အချိန်မှာတော့ လက်နက်ကြီး တစ်ချက် ကြားပြီးတော့ ဒီမနက်အထိပေါ့ တိတ်သွားတယ်၊ အဲ့လိုဖြစ်သွားပြီးတော့ အခု တစ်ရွာလုံး ထွက်ပြေးကြတယ်၊ ကိုးမိုင်၊ ဟံဂံ နဲ့ တချို့က မြို့ပေါ်ရောက် ကိုယ်နဲ့ နီးစပ်ရာကို ထွက်ပြေးသွားကြတာပေါ့၊ ပစ္စည်းတွေ ဘာတွေ သယ်နေကြတာ ရွာပျက်သွားသလိုပဲ” ဟု ကိုးမိုင်ကျေးရွာခံတစ်ဦးက ပြောသည်။

ထွက်ပြေးလာသူများကို နီးစပ်ရာ အသိမိတ်ဆွေများ၏ နေအိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြရသည် ဟု အထက်ပါ ရွာခံ က ဆက်ပြောသည်။

KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာ (မွန်ပြည်နယ် ရေးမြို့နယ် အတွင်း) တွင် ဧပြီလ ၆ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်မှ ၈ နာရီ ၁၀ မိနစ်အချိန်ထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများ က ပြောသည်။

ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ ကြောင်း ကျေးရွာလုံခြုံရေးတပ်စခန်းတစ်ခု စွန့်ခွာပေးခဲ့ရကြောင်း KNU တပ်မဟာ ၆ က ထုတ်ပြန်ထားသည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဆက်ဖြစ်ပွားခြင်းမရှိသော်လည်း အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်ပွားနိုင် သည့် အနေအထားရှိနေသည်ဟု သုံးသပ်သူများက ပြောသည်။

KNU တပ်မဟာ ၆ ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းထားပြီး စစ်ရေးလှုပ်ရှားမှုလည်း တိုးချဲ့လာကြောင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဧပြီလ ၅ ရက်နေ့ကတည်းက စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ ၅၊ တပ်မဟာ ၃၊ တပ်မဟာ ၁ တို့တွင်လည်း တိုက်ပွဲများ ဖြစ် ပွားလျှက်ရှိပြီး တိုက်ပွဲကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...