KNU တပ်မဟာ ၆ တွင် တိုက်ပွဲဖြစ်ပွား

KNU တပ်မဟာ ၆ တွင် တိုက်ပွဲဖြစ်ပွား

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်ရှိ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်တပ်တို့ အကြား ဧပြီလ ၆ ရက်နေ့ တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒူးပလာယာ ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန် က ပြောသည်။

၎င်းက “ကျနော်တို့ ဒီ ဒူးပလာယာခရိုင် ဆိုတော့ ဝင်းရေးမြို့နယ် ကရင်လိုခေါ်ရင်တော့ ဟောင်းကော်ရွာပေါ့ဗျာ။ ဗမာလိုခေါ်ရင်တော့ မာန်အောင်လို့ အဓိပ္ပာယ်ရှိတယ် မာန်အောင်ရွာပေါ့ဗျာ။ မာန်အောင် အဲဒီဂွင် အဲဒီဝန်းကျင်မှာ ဖြစ်သွားတာ ဖြစ်တယ်။ ဒီမှာ သတင်းရထားတော့ ၂ ပွဲ ဖြစ်တယ်။ ဒီလိုပဲ ၆ နာရီ ၂၀ ကျော်လောက်မှာ တစ်ခါ ဖြစ်တယ်။ ၆ နာရီ ၄၀ တစ်ခါဖြစ်တယ် ၂ ဆင့်ဖြစ်တယ် ဗျာ။ ဖြစ်တဲ့ အခင်းအသေးစိတ်တော့ ကျနော်တို့ ပြောလို့မရသေးဘူး။ သတင်းအသေးစိတ်က ကျနော်တို့က အောက်ခြေကို မေးမြန်းထားဆဲဖြစ်ပါတယ်။” ဟု ပဒို စောလစ္စတန်က ပြောသည်။

ဧပြီလ ၆ ရက်နေ့ ညနေပိုင်းတွင် မွန်ပြည်နယ် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက KNU တပ်ရင်း ၁၆ တပ်ဖွဲ့ ဝင်များရှိရာသို့ တက်လာ သည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူးက ဆက် ပြောသည်။

ပဒို စောလစ္စတန်က “အဲမှာဆိုရင် KNU က ဆိုရင် တပ်ရင်း ၁၆ ဗျာ။ တပ်ရင်း ၁၆ ရဲ့ ဌာနချုပ်တပ်ခွဲကို ကျနော် တို့ တာဝန်ချထားတာ ရှိတယ်။ ဆိုတော့ တပ်ရင်း ၁၆ တပ်ရင်း ဌာနချုပ်ရဲ့ လုံခြုံရေး တပ်ခွဲက တာ ဝန်သွားယူ ထားတယ်။ သူတို့တပ်ဖွဲ့က တက်လာတယ် အကြောင်းမကြား ဘာမကြား မသိဘူး ဆိုတဲ့ အခါကျတော့ ကျနော် တို့လူက အဲမှာရှိနေတာကိုး ရှိနေတဲ့ အခါကျတော့ ဖြစ်တာပေါ့။ အကြောင်း မကြားဘူး။ ဒီမှာက အကြောင်း မကြားပဲ ဝင်လာရင်တော့ ကျနော်တို့ ပစ်မယ့် ခတ်မယ့် အမိန့်က ထုတ်ထားတာဆိုတော့ အဲဒီမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်တဲ့ သဘောပဲလေ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ဆိုင်ကယ်စီးသည့် ရွာသားတစ်ဦး၏ ပေါင်ကို သေနတ်ကျည်ထိမှန်ခဲ့သည်ဟု KNU/KNLA တပ်မဟာ ၆ ဒူးပလာခရိုင်က ထုတ်ပြန်ထားသည်။

ပြီးခဲ့ရက်ပိုင်းအတွင်းက အဆိုပါဒေသတွင် စစ်ကောင်စီမှ ခန့်ထားသည့် ရွာသူကြီးကို ရွာသားများကမကြိုက် မနှစ်သက်သည့်အတွက် သတ်လိုက်သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီ ၏ တပ်များက တက်လာရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု  ပြောသည်။

ပဒို စောလစ္စတန်က “အဲဒီ စစ်တပ်က သူတို့ အုပ်ချုပ်ရေးမှူးကို ခန့်ထားတဲ့အပေါ်မှာ ပြည်သူလူထုက မကျေနပ် ဘူး မပြေလည်ဘူး ဖြစ်တဲ့အတွက် ဝင်ပြီးတော့ သတ်ဖြတ်သွားတာပဲ အဲဒါက ပြဿနာက အခုထင်ယောင် ထင် မှား ဖြစ်တာက ဒီကျနော်တို့ KNU လက်နက်ကိုင် တပ်ဖွဲ့က သတ်ဖြတ်သလိုမျိုး လိုလို မွန်ပြည်သစ်ပါတီကပဲ သတ်ဖြတ်သလိုမျိုးလိုလိုဖြစ်တဲ့အခါ ကျတော့ ကျနော်တို့ အဖွဲ့အစည်းတွေလည်း ထိခိုက်မှာလည်း စိုးတယ်။ အခုက သတင်းကိုတော့ ကျနော်တို့ လိုက်နေဆဲ ဖြစ်တယ်။ အမှန်တရားကို ကျနော်တို့ အောက်ခြေကိုမေးထား တယ်။ မွန်ပြည်သစ်ပါတီဖက်ကလည်း မသိရသေးဘူး။ တကယ်ဖြစ်တာကတော့ ဒီကြားလူပဲပေါ့နော်။ မကျေ နပ်တဲ့ ရွာလူထုကနေပဲ လုပ်ကြံတယ်လို့တော့ ကျနော်တို့ ကြားထားတယ်။ ဒါပေမယ့် အတည်ပြုလို့မရသေး ဘူး” ဟု ပြောသည်။

လက်ရှိအချိန်အထိ အဆိုပါဒေသတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက စစ်ရေးတိုးချဲ့ ဖြည့်တင်းကာ လှုပ်ရှားမှု များရှိနေပြီး KNU တပ်များရှိရာသို့ ထိုးတက်လာမည်ဆိုပါက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့် အနေအထားတွင် ရှိနေသည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် တာဝန်ရှိသူက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့၏ တပ်များနှင့် KNU/KNLA တပ်မဟာများ ဖြစ်ကြသည့် တပ်မဟာ ၅၊ တပ်မဟာ ၃၊ တပ်မဟာ ၁ နှင့် တပ်မဟာ ၆ တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ကရင်စစ်ရှောင် သောင်းချီကလည်း တောတောင်များထဲနှင့် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် စစ်ဘေးတိမ်းရှောင်နေကြရသည်။

CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...