ရှမ်းနယ်စပ် တိုက်ပွဲဖြစ်မည်ကို ဒုက္ခသည်များ စိုးရိမ်

ရှမ်းနယ်စပ် တိုက်ပွဲဖြစ်မည်ကို ဒုက္ခသည်များ စိုးရိမ်

မြန်မာ-ထိုင်းနယ်စပ်က ရှမ်းစစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော် က စစ်တပ်နှင့် RCSS တို့အကြား တိုက်ပွဲ များ ဖြစ်ပွားလာပါ ထိုင်းနိုင်ငံဘက်အခြမ်းတွင် ဝင်ရောက်ခိုလှုံခွင့်ပြုပေးရန် စစ်ရှောင်များက တောင်းဆိုထား သည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု ပြောဆိုလိုက်သည့်အတွက် နယ်စပ်တစ်လျှောက်ရှိ ရှမ်းစစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော်က ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး စစ်ရှောင်များ၏ လုံခြုံရေးအတွက် ထိုင်းနိုင်ငံဘက်ခြမ်း သို့ ပြောင်းရွှေ့ခွင့်ပြုပေးရန် တောင်းဆိုခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကုန်းကျော် ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ လည်း ဖြစ် ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူ ညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင် လည်းဖြစ်သည့် စိုင်းလျန်း က “ဒီမှာရှိတဲ့ ရှမ်းဒုက္ခသည် တွေက ကုန်းကျော်တစ်ခုထဲ ထိုင်းထဲမှာ ရှိတာ။ ကျန်တာတွေအကုန်လုံးက ဒီနယ်စပ် ရှမ်းပြည်ထဲမှာနော်။ ဗမာ ပြည်ထဲမှာရှိတာနော်။ နယ်စပ်တွေ အဲ့မှာ ရှိနေတာဆိုတော့ သူတို့ရဲ့ လုံခြုံရေးအတွက် ဆို ရင် RCSS/SSA တောင်ပိုင်းတပ်ရဲ့ အနီးအနားမှာ သူတို့က နေရတာပေါ့နော်။ အဲ့ဒီတခြား Camp ငါးခုနော်။ အခုက အာဏာ သိမ်း စစ်အစိုးရကနေ RCSS ကို ထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်တော့ ဒါက အခုနက ပြောတဲ့ လုံခြုံရေး က IDPs Camp တွေကိုလည်း ထိခိုက်မှာပေါ့နော်။ သူတို့အတွက်က ထိုင်းထဲကို ဝင်လာဖို့ကလွဲ တခြား ဘာမှ မရှိဘူးလေ နော်” ဟု ပြောသည်။

မြန်မာ-ထိုင်း နယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင်စခန်း ၅ ခုမှာ ကောင်းမုမိန်း၊ လွယ်ဆမ် စစ်(ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းတို့ဖြစ်ပြီး ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည် စခန်းမှာ ကုန်း ကျော် စခန်းဖြစ်သည်။

အဆိုပါစခန်း ၆ ခုတွင် လူဦးရေ ၆၂၀၀ ကျော်ရှိပြီး ၎င်းတို့အား တိုက်ပွဲများ ဖြစ်ပွားလာက ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီဖြစ်စေ ခိုလှုံခွင့်ပေးစေချင်သည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူ ညီရေး ကော်မတီ (ထိုင်း-မြန်မာနယ် စပ်) က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ထိုင်းဘက်ကလည်း အခုထိဝင်ခွင့်မရှိလို့ သူတို့က အဲ့မှာ ကျန်နေတာလေ။ အကယ်၍သာ အဲ့လို မျိုးစစ်ဖြစ်လာ ရင် ထိုင်းထဲကို ဝင်ခွင့်ရဖို့အတွက်ကိုနော် အမြဲတမ်းမဟုတ်ဘူးဆိုရင်တောင်မှ ယာယီပဲဖြစ်ဖြစ် ဖြစ်နေတဲ့ အချိန် မှာနေဖို့။ ဘာလို့လဲဆို အာဏာသိမ်းအစိုးရရဲ့ စစ်တပ်ကလည်း ဒီစစ်ဘေးဒုက္ခသည်တွေရဲ့ စခန်း အနီးမှာရှိနေ တယ် အမြှောက်တပစ်စာ လက်လှမ်းမီတဲ့နေရာမှာ၊ လက်နက်ကြီးနဲ့ လက်တကမ်းမှာပဲရှိတယ်။ တကယ်လို့ ပစ် မယ်ဆိုရင်တော့ ဒုက္ခသည်တွေကို ထိခိုက်နိုင်တာပေါ့နော်” ဟု စိုင်းလျန်းက ဆက်ပြောသည်။

မတ်လ ၃၀ ရက်နေ့ က မြန်မာ-ထိုင်းနယ်ခြားကော်မတီ(တာချီလိတ်ရုံး)မှ ထိုင်းဘက်ခြမ်းရှိ နယ်ခြားကော်မတီ (မယ်ဆိုင်ရုံး)ကို ပေးပို့လာသည့် အကြောင်းကြားစာအရ အာဏာသိမ်းတပ်မှ  RCSS/SSA ၏ ထိုင်းနယ်စပ် တစ် လျှောက်ရှိ အခြေစိုက်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်သည် ဆိုသည့် အချက်ကြောင့် RCSS/SSA ဌာနချုပ်အနီးရှိ ရှမ်းစစ်ဘေးရှောင်များမှာ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြခြင်းဖြစ်သည်။

 

“လုံခြုံမှုအရ ပြောမယ်ဆိုရင်တော့ ကတုတ်ကျင်းတူးတာက တတ်နိုင်တဲ့လုပ်ငန်းတစ်ခု တူးတာ အဲ့လောက်ပဲ လုပ်တာလေ။ ကြားမှာပါနော် ကရင်တွေက ထွက်ပြေးလာတဲ့ထဲမှာ ဗုံးကြဲလို့ ပြေးလာတော့ ဒဏ်ရာရတဲ့ လူတွေ ကိုပဲ ပေးဝင်ပြီး မရတဲ့လူတွေကို ပြန်မောင်းထုတ်တာတွေရှိတော့ အဲ့ဒီလိုမျိုးဆိုတော့ ထိုင်းဘက်ကို ဝင်ခွင့် တောင်းထားတယ်ဆိုတာက အချက်တစ်ခုအနေနဲ့ တောင်းထားတာ။ ဘယ်လောက်အထိ ခွင့်ပြုမလဲဆို တာ ဝင်ခွင့်ပေး မလား မပေးဘူးလားဆိုတာလည်း မသိဘူးလေနော်။ ကိုယ်တိုင်လုပ်နိုင်တာက ကတုတ်ကျင်း တူးတဲ့ အလုပ်ပဲပေါ့။ ဒါကိုပဲ အဓိက လုပ်ထားရတာပေါ့။”

 

ကတုတ်ကျင်းများတူနေခြင်းသည် ရှမ်းစစ်ရှောင်များအနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် တတ်နိုင်သည့် ဘက် က လုပ်ဆောင်နေခြင်းသာဖြစ်ပြီး အဓိကတော့ ထိုင်းအာဏာပိုင်များက ကူညီမှုလိုအပ်နေသည်ဟု ဆိုသည်။

 

ထို့အပြင် “ထိုင်းကနေ ပြေးလာပြီးဆိုရင် ဝင်ခွင့်ပေးရုံတင်မကဘူး ရှမ်း CSO  တွေရဲ့ အကူအညီတွေကိုလည်း ပေးခွင့်ပြုဖို့ ပေါ့ အဲ့ဒါကိုလည်း တောင်းဆိုချင်တာပေါ့။ မဲဆောက်ဘက်မှာလည်း တိုက်ပွဲဖြစ်ရင် စစ်ဘေးဒုက္ခ သည်အတွက် စခန်း ၇ ခုပြင်ဆင်ထားတယ်လို့ ပြောထား တာနော်။ ပြောထားပြီးတော့ တကယ်တမ်းကြတော့ ပြင်ဆင်ချင်မှလည်း ပြင်ဆင်မယ်။ တအားအယုံအကြည် မရှိဘူး။ အခုတောင်မှ အာဏာသိမ်းစစ်အစိုးရရဲ့ တပ် မတော်နေ့ကို သွားတက်ရောက်တာဆိုတော့ ဒါကြောင့်မို့လို့ အခုနက ပြော သလိုပေါ့ အရေးကြီးတာက တိုက်ပွဲ ဖြစ်ရင် ထိုင်းထဲကို ယာယီပဲဖြစ်ဖြစ် တောင်းဆိုထားတယ်” ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ် စပ်) က စိုင်းလျန်း က ဆက်ပြောသည်။

 

အာဏာသိမ်းစစ်တပ်၏ အကြောင်းကြားစာထဲတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး မထိခိုက်စေရေး ထိုင်းနယ်မြေအတွင်း မည်သည့်လက်နက်မှ ကျရောက်စေမည်မဟုတ်ကြောင်း ပါရှိသော်လည်း RCSS/SSA ၏ တပ်စခန်းများသည် မြန်မာ-ထိုင်းနယ်စပ်ဒေသများဖြစ်သည့် ချင်းရိုင်း၊ မယ်ဆောင်ဆောင်နှင့် ချင်းမိုင်ခရိုင်တို့နှင့် ဆက်စပ်နေကြောင်း၊ ယခင်က ဖြစ်စဉ်များအရလည်းအဆိုပါ ပြောဆိုချက်သည် မဖြစ်နိုင်ဘူးဟု စိုင်းလျန်းက ဆက်ပြောသည်။

 

“သူတို့ပြောတာက လက်နက်က ထိုင်းနယ်မြေထဲမှာ မကျစေရဘူးလို့ပြောတယ်။ ဒါက ယုတ္တိမရှိဘူးလေ အရင် တုန်းက ဦးတို့ပြေးလာတဲ့အချိန်တုန်းကဆိုရင် ဟိုဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးက ထိုင်းနယ်မြေထဲမှာ ကျ တယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ရှမ်းရွာ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ထိုင်းရွာတွေမှာ စက်သေနတ်ကျည်ဆံတွေ လာထိ တာရှိတယ်။ နောက် လက်နက်ကြီးလာကျပြီးတော့ ထိုင်းစစ်သားတွေကိုယ်တိုင် သေဆုံးတာရှိဖူးတယ်လေ။ လွန် ခဲ့တဲ့ ၂၀၀၂ ခုနှစ်တုန်းကနော်။ ဒါကြောင့် ထိုင်းထဲမှာနေတာတောင်မှ နယ်စပ်ဆိုရင် လုံခြုံမှုမရှိဘူး”

 

ထို့ကြောင့် ရှမ်းစစ်ဘေးဒုက္ခသည်များအား ထိုင်းအစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်၏ ရန်မှ လွတ်မြောက်နိုင် ရေးနှင့် လုံခြုံရေးအတွက် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ခိုလှုံခွင့်ပြုရန်နှင့် လူသားချင်း စာနာထောက်ထားမှုပေးနိုင်ရေးတို့အတွက် ခွင့်ပြုပေးရန် တောင်းဆိုထားသည်။

 

ကောင်းမုမိန်း၊ လွယ်ဆမ်စစ် (ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း၊ လွယ်ကော်ဝမ်းနှင့် ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခ သည် ကုန်းကျော် စခန်းတို့ရှိ ရှမ်းစစ်ဘေးဒုက္ခသည်များမှာ ပြီးခဲ့သည့် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်ကြား နှစ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခ များ၊ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...