ဗန်းမော် တစ်ဦး ထပ်မံ သေဆုံး၊ ကချင်ပြည်နယ် သေဆုံးသူ ၁၀ ဦး ရှိပြီ

ဗန်းမော် တစ်ဦး ထပ်မံ သေဆုံး၊ ကချင်ပြည်နယ် သေဆုံးသူ ၁၀ ဦး ရှိပြီ

မတ်လ ၃၁ ရက်နေ့က ဗန်းမော်တွင် ဆန္ဒပြ လူငယ် တစ်ဦး ထပ်မံ သေဆုံးခဲ့သဖြင့် ကချင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၁၀ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်နှင့် ဖမ်း ဆီးခံထားရသူ ၂၀၀ ကျော်ရှိပြီဟု ဒေသခံများက ပြောသည်။

မတ်လ ၃၁ ရက်နေ့က သေဆုံးသူလူငယ်နှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက ခုလိုပြောသည်။

“သူက ၂၇ ရက်နေ့က ဆန္ဒပြနေရင်း ဆီးခုံကိုကျည်ထိထားတာပါ။ မနေ့က ဆုံးသွားတာပါ။ ဗန်းမော်မှာတော့ အဲ့ ဒီ ၂၇ ရက်နေ့မှာပဲ မရွှေမြင့် လည်း ရင်ဘတ်ကို ကျည်ထိပြီး သေသွားတယ်။ မရွှေမြင့်ကတော့ ပွဲချင်းပြီးနော်။ ကိုမျိုးသန့်ကျော်ကတော့ မနေ့ကမှ ဆုံးသွားတာပါ” ဟု ဗန်းမော် ဒေသခံက ပြောသည်။

လက်ရှိ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာအနေဖြင့် စစ်တပ်ကအာဏာသိမ်းပြီးနောက် ထိခိုက်ကျ ဆုံး ဖမ်းဆီးခံရတဲ့အခြေအနေနှင့် ပတ်သက်၍ မြစ်ကြီးနားဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဖမ်းထားတာကတော့ ကချင်ပြည်နယ်လုံးဆိုရင်တော့ ၂၀၀ ကျော်လောက်ရှိပြီလို့ သိရတယ်။ ၂၅၀ ကျော်ပေါ့၊ ဒါ ပေမယ့် မနေ့ကနဲ့ဆိုရင် ၂၆၀ လောက်ရှိမယ်ထင်တယ်။ သေဆုံးတာက ၉ ဦးလောက်ပဲ ရှိသေးတယ်။ မြို့နယ် က ဖားကန့်ရယ်၊ ဗန်းမော်ရယ်၊ မြစ်ကြီးနားရယ်၊ ဟိုပင်ရယ်၊ မိုးညှင်းရယ်ပါတယ်။ ထိခိုက်ဒဏ်ရာရရတာက ၁၀၀ ကျော်လောက် ရှိမယ်ထင်တယ်။”

မတ်လ ၃၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ဆန္ဒပြပြည်သူများကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးခဲ့ပါတယ်။

မြစ်ကြီးနားမြို့ ဒေသခံတစ်ဦးက “မနေ့က သူတို့က ခုခံတပ်နဲ့ ပြည်သူတွေက ဆန္ဒထုတ်ဖော်နေတာ၊ အဲ့မှာ အရပ် ဝတ်နဲ့ ဆိုင်ကယ်နဲ့လာတဲ့ နှစ် ယောက်က ခုခံတပ် ဆန္ဒပြနေတဲ့ ပြည်သူဘက်ကို သေနတ်နဲ့ ပစ်ပြီးမှ ပြန်ပြီး ထွက်သွားတယ်လို့ သိရတယ်။ အဲ့ မှာ အဆိုးဆုံးက နှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက် သေဆုံးသွားတယ် လို့ သိရတယ်။ အဲ့မှာ တစ်ယောက်က တော့ လက်မောင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတယ်လို့ သိရတယ်” ဟု ပြောသည်။

ရမ်ပူရပ်ကွက်မှ သေဆုံးသူ အသက် ၂၃ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ကိုမျိုးမင်းသူ ၏ ရုပ်အလောင်း ကို လည်း စစ်တပ်က အတင်းအကြပ်တောင်းယူခဲ့ပြီး ရပ်ကွက်အတွင်းတွင်လည်း နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ သည်ဟု ဒေသခံများက ပြောသည်။

“အသုဘအခြေအနေကျတော့ မနေ့က စစ်တပ်က အလောင်းလာလုတယ်လို့ ပြောတယ်။ လာလုတဲ့အခါ မနေ့ ကတော့ မပေးလိုက်ဘူး။ ဒီမနက်ပိုင်းမှာ PCG နဲ့ ညှိပြီး ပြန်ပေးလိုက်တယ်လို့ ပြောတယ်။ PCG နဲ့ စစ်တပ်က ပြန်ညှိပြီးမှ သူတို့ကို အလောင်းပေးလိုက်တယ်။ ခွဲစိတ်ပြီး ၂ နာရီလောက်မှာပြန်ပေးမယ် အဲ့အချိန်မှ သဂြိုလ်ရ မယ်ပေါ့။ ညနေမှ အစ္စလာမ်ဘာသာထုံးစံအရ သဂြိုလ်တာပေါ့” ဟု ပြောသည်။

“နောက်ထပ်တစ်နာရီလောက်မှာ အဲ့ရမ်ပူရပ်ကွက်ထဲမှာ အရပ်ဝတ်နဲ့လို့ပဲ ပြောတယ် အိမ်တွေကို သေနတ်တွေနဲ့ ပစ်တယ်။ ပြီးတော့ ဘေးနားမှာရှိတဲ့ ဆိုင်ကယ်တစ်စီး ရှိတယ်။ အဲဆိုင်ကယ်ကနေ ဆီထုတ်ပြီးမှ ဆိုင်ကယ် ပြင် ဆိုင်တစ်ဆိုင်ရယ်၊ အောင်မြတ်သာဆိုတဲ့ ကုန်စုံဆိုင်တစ်ဆိုင်ရယ်ကို တခါတည်းနဲ့ မီးရှို့ပေးလိုက်တယ်။ အဲ့ဒါကို ပြည်သူတွေမီးရှို့တယ်ဆိုပြီးမှ အော်ပြီးမှ ပြန်သွားလိုက်တယ်တဲ့ အဲ့ဒါဖြစ်စဉ်ပေါ့နော်။”

မတ်လ ၂၄ ရက်နေ့ ညနေ က ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာက အမျိုးသား ဒီမို ကရေ စီအဖွဲ့ ချုပ် NLD ပါတီဝင် အမျိုးသားနှစ်ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွတ် လာခြင်း မရှိသေးဘူးဟု သိရသည်။

ဖမ်းဆီးခံရသူ ကိုမျိုး ၏ ဇနီးဖြစ်သူ ဒေါ်ခင်စန်းတင့် က “သူတို့က ဇွတ်ကြီး လက်ထိပ်ခတ်ပြီး ခေါ် သွားတာ။ သူ တို့ ပြောတော့ ဖားကန့်ဗျူဟာကုန်းကို ခေါ်သွားတယ်လို့တော့ ကြားတယ်။ အဲ့လိုပဲ သိတာပေါ့နော်။ ဒီနေ့အထိ တော့ မလွတ်သေးပါဘူး။ ကျမတို့က တရားမျှတမှုရ အောင်တော့ ဆက်ပြီး တောင်းဆိုသွားပါ့မယ်ရှင့်။ ဒီအရေး တော်ပုံက အောင်မယ်လို့လည်း ယုံကြည်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း သေဆုံးခဲ့ရသူ စုစုပေါင်း (၅၃၆) ဦး ရှိပြီဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၇၂၉ ကျော် ပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...