ဒက်ချ် ပင်စင်ရန်ပုံငွေကုမ္ပဏီများက မြန်မာစစ်တပ်ကုမ္ပဏီများတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထား

ဒက်ချ် ပင်စင်ရန်ပုံငွေကုမ္ပဏီများက မြန်မာစစ်တပ်ကုမ္ပဏီများတွင် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထား

မြန်မာစစ်တပ်နှင့်အကြား ကာလကြာ စီးပွားရေး ဆက်ဆံမှုများနှင့်ပတ်သက်ပြီး ဒက်ချ် ပင်စင်ရန်ပုံငွေ ကုမ္ပဏီများကို နိုင်ငံတကာ ကမ်ပိန်းအဖွဲ့ Justice for Myanmar က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ လျှော့ချခြင်းကို ချက်ချင်းလုပ်ဆောင်ရေး တောင်းဆိုခဲ့သည်။

ဒက်ချ် ပင်စင်ရန်ပုံငွေ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ယင်းတို့၏ စီးပွားရေးအရ အစုရှယ်ယာပါ၀င်ထားမှုများကနေတဆင့် စစ်တပ်၏ ကာလကြာ ဖိနှိပ်မှုများကနေ အကျိုးအမြတ်များ ဖြစ်ထွန်းနေသည်ဟု အဆိုပါ အဖွဲ့က ပြောသည်။

မြန်မာအစိုးရ စာရွက်စာတမ်းများအရ ဒက်ချ် ပင်စင်ရန်ပုံငွေ ပစ္စည်းပိုင်ဆိုင်မှု စီမံခန့်ခွဲမှု လုပ်ငန်းနှစ်ခု ဖြစ်သည့် PGGM နှင့်  APG တို့ ထိန်းသိမ်းထားသည့် ရှယ်ယာများကို ထုတ်ဖော်ခဲ့ပြီး ယင်းတို့သည် စုစုပေါင်းအားဖြင့် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိသည်ဟု သိရသည်။

ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ၂၀ ခန့်တွင် ရှိနေပြီး ယင်းတို့ထဲတွင် ရေနံနှင့် ဓာတ်ငွေ့၊ တယ်လီကွန်မြူနစ်ကေးရှင်း၊ အိမ်ခြံမြေ၊ လူသုံးကုန်များနှင့် စစ်တပ် နည်းပညာလုပ်ငန်းများရှိ စီးပွားရေးလုပ်ငန်းများ ပါ၀င်နေသည်။

၎င်းတို့သည် အစိုးရ ငွေချေးစာချုပ်များ သို့မဟုတ် မြန်မာကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံခြင်း မရှိဟု PGGM နှင့်  APG တို့က ထုတ်ဖော်ထားခဲ့ကြောင်း ဒက်ချ် သတင်းဌာနတစ်ခုဖြစ်သည့် NU.nl က ဖော်ပြသည်။ မြန်မာအပါအ၀င် ကမ္ဘာတ၀န်း လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများတွင် အစုရှယ်ယာများ ရှိကြောင်း ယင်းတို့က ၀န်ခံထားခဲ့သည်။

ABP ပင်စင်ရန်ပုံငွေလုပ်ငန်းသည် တာ၀န်ခံမှု ရှိသော ရင်းနှီးမြှုပ်နှံမှုကနေတဆင့် လူ့အခွင့်အရေးကို လေးစားလိုက်နာစေရေး သေချာစေရန် နေသားတကျရှိသည့် အခြေအနေများ ရှိထားသလို မြန်မာနိုင်ငံရှိ အခြေအနေနှင့်ပတ်သက်ပြီး ဤကုမ္ပဏီများနှင့် ဆွေးနွေးမှုများတွင် တက်တက်ကြွကြွ ပါ၀င်လုပ်ဆောင်ထားခဲ့သည်ဟု သိရသည်။

မြန်မာစစ်တပ်၊ ယင်း၏ စီးပွားရေးလုပ်ငန်းများနှင့် သိသာပေါ်လွင်သည့် စီးပွားရေး စပ်တူလုပ်ဖက်များအပေါ် ပစ်မှတ်ထား အ‌ရေးယူမှုများ ပြဋ္ဌာန်းသတ်မှတ်ခြင်းကို အားပေးထောက်ခံနေသည့် အခြားသော အီးယူနိုင်ငံများနှင့် အတူ ပူးပေါင်းရန်နှင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက် ကုန်သွယ်မှု ပိတ်ပင်မိန့်အတွက် ထောက်ခံရန်အတွက် ဒက်ချ် အစိုးရကို Justice for Myanmar က တောင်းဆိုတိုက်တွန်းခဲ့သည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...