စစ်ရှောင်များ ဖျားနာနေပေမယ့် လုံလောက်သည့် ဆေးဝါးထောက်ပံ့မှုမရှိ

စစ်ရှောင်များ ဖျားနာနေပေမယ့် လုံလောက်သည့် ဆေးဝါးထောက်ပံ့မှုမရှိ

ကချင်ပြည်နယ် အတွင်းက တိုက်ပွဲများကြောင့်၊ နမ္မတီးမြို့ကို စစ်ရှောင်လာကြသည့် ကဆုန် နှင့် ဇွပ်မိုင်ရွာက စစ်ရှောင်ပြည်သူများသည်၊ ရာသီဥတုအပြောင်းအလဲကြောင့် စစ်ရှောင်စခန်းအတွင်း ဖျားနာလျက်ရှိကြသည်။ အထူးသဖြင့် ကလေးသူငယ်များ နှင့် သက်ကြီးရွယ်အိုအချို့သည်၊ ရာသီဥတုအပြောင်းအလဲ ဒဏ်ကြောင့် နေမကောင်းဖြစ်ကြခြင်းဖြစ်သည်။

သို့ရာတွင်၊ စစ်ရှောင်စခန်းအတွင်းတွင်၊ ကျွမ်းကျင်သူနာပြု နှင့် ဆေးပေးခန်းမရှိခြင်း၊ လုံလောက်သည့် ဆေးဝါးထောက်ပံ့မှုအခြေအနေမရှိခြင်း တို့ကြောင့် ပြင်ပဆေးရုံဆေးခန်းများသို့ မိမိတို့အစီအစဉ်ဖြင့်သာ သွားလာရသည်ဟု သိရသည်။

စစ်ရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ (WFP) နဲ့ ဂရုဏာအဖွဲ့များက ထောက်ပံ့ကူညီမှုများ လုပ်ဆောင်နေ သော်လည်း၊ လူဦးရေများလာသည်နှင့်အမျှ စားနပ်ရိက္ခာ နှင့် ဆေးဝါးထောက်ပံ့မှုများ လိုအပ်နေခြင်း ဖြစ်သည်။

အဆိုပါ ကဆုန် နှင့် ဇွပ်မိုင် စစ်ရှောင်များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီ ၏ တပ်များ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် နေရာဒေသများမှ ခိုလှုံလာကြခြင်းဖြစ်သည်။

March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...