မိုးညှင်းမြို့ မိုးဒါးစုတံတား ခိုပုန်းနေသည့် ကျောင်းသားတစ်ဦး ထပ်မံပစ်သတ်ခံရ

မိုးညှင်းမြို့ မိုးဒါးစုတံတား ခိုပုန်းနေသည့် ကျောင်းသားတစ်ဦး ထပ်မံပစ်သတ်ခံရ

မိုးညှင်းမြို့တွင် ပစ်ခတ်ဖြိုခွင်းမှုပြီးနောက် မိုးဒါးစုတံတား အောက်တွင် ခိုပုန်းနေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။

ယနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို ပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုရာ တပ်နှင့် ရဲ က ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း လူထုများ၏ ပြောဆိုမှုများအရ ၎င်းပုန်းခိုနေသည့်နေရာကို  သတင်းပေးသူရှိပြီး ၎င်းကိုတွေ့ပြီးနောက်တပ်က သေနတ်ဖြင့် ဦးခေါင်းကို  ပစ်ခတ်ပြီး ဖမ်းဆီးသွားသည်ဟု ဆိုကြသည်။

ထို့နောက် ယနေ့ ညနေပိုင်းတွင် မိုးညှင်းမြို့ ရင်ခွဲရုံတွင် အချိန်အတော်ကြာ ပိုင်ရှင်မဲ့ဖြစ်နေပြီး ယခုညပိုင်းအချိန်မှသာ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မိုးညှင်းပစ်ခတ်ဖြိုခွင်းမှု ကြောင့် သေဆုံးသူ ၂ ဦး နှင့် ဒဏ်ရာရှိသူ (၂) ဦးရှိခဲ့သည်။

၎င်းသည် မြစ်ကြီးနား နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ပြင်ပဆက်ဆံရေးတာဝန်ခံ တစ်ဦးဖြစ်ကြောင်း နှင့် ၎င်းကို ထာဝရသူရဲကောင်းအဖြစ် လေးစားမှတ်တမ်းတင်သည်ဟု  မြစ်ကြီးနားနည်းပညာတက္ကသိုလ် ကျောင်းသားမဂ္ဂက ထုတ်ပြန်ထားသည်။

Most read this week

September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...