မိုးညှင်းမြို့ မိုးဒါးစုတံတား ခိုပုန်းနေသည့် ကျောင်းသားတစ်ဦး ထပ်မံပစ်သတ်ခံရ

မိုးညှင်းမြို့ မိုးဒါးစုတံတား ခိုပုန်းနေသည့် ကျောင်းသားတစ်ဦး ထပ်မံပစ်သတ်ခံရ

မိုးညှင်းမြို့တွင် ပစ်ခတ်ဖြိုခွင်းမှုပြီးနောက် မိုးဒါးစုတံတား အောက်တွင် ခိုပုန်းနေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦး ပစ်သတ်ခံရကြောင်း သိရသည်။

ယနေ့ နေ့လည်ပိုင်းက ဖမ်းဆီးခံထားရသည့် ဆန္ဒပြသူများကို ပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုရာ တပ်နှင့် ရဲ က ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း လူထုများ၏ ပြောဆိုမှုများအရ ၎င်းပုန်းခိုနေသည့်နေရာကို  သတင်းပေးသူရှိပြီး ၎င်းကိုတွေ့ပြီးနောက်တပ်က သေနတ်ဖြင့် ဦးခေါင်းကို  ပစ်ခတ်ပြီး ဖမ်းဆီးသွားသည်ဟု ဆိုကြသည်။

ထို့နောက် ယနေ့ ညနေပိုင်းတွင် မိုးညှင်းမြို့ ရင်ခွဲရုံတွင် အချိန်အတော်ကြာ ပိုင်ရှင်မဲ့ဖြစ်နေပြီး ယခုညပိုင်းအချိန်မှသာ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မိုးညှင်းပစ်ခတ်ဖြိုခွင်းမှု ကြောင့် သေဆုံးသူ ၂ ဦး နှင့် ဒဏ်ရာရှိသူ (၂) ဦးရှိခဲ့သည်။

၎င်းသည် မြစ်ကြီးနား နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ပြင်ပဆက်ဆံရေးတာဝန်ခံ တစ်ဦးဖြစ်ကြောင်း နှင့် ၎င်းကို ထာဝရသူရဲကောင်းအဖြစ် လေးစားမှတ်တမ်းတင်သည်ဟု  မြစ်ကြီးနားနည်းပညာတက္ကသိုလ် ကျောင်းသားမဂ္ဂက ထုတ်ပြန်ထားသည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...